ကရင်ရွာသား ၁၀၀ နီးပါးကို စစ်ကောင်စီဖမ်းဆီးထား

ကရင်ရွာသား ၁၀၀ နီးပါးကို စစ်ကောင်စီဖမ်းဆီးထား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာရှိ ဒေသခံ ကျေး လက် ပြည်သူ တစ်ရာနီးပါးကို စစ်ကောင်စီ က ဖမ်းဆီးထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့၊ ည ၉ နာရီခန့်အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်စိမ့်ကုန်းကျေးရွာကို ဝင် ရောက်စီးနင်းပြီးနောက် လက်နက်များတွေ့ရှိသည်ဟုဆိုကာ ရွာသားများကို အစုလိုက်အပြုံလိုက် စတင်ဖမ်းသွားခြင်း ဖြစ်သည်ဟု ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က အတည်ပြု ပြောသည်။

နိုဝင်ဘာ ၅ ရက်နေ့က စတင်ကာ ဖမ်းဆီးခြင်းဖြစ်ပြီး ယမန်နေ့နိုဝင်ဘာလ ၈ ရက်နေ့ အထိ ကျေးလက်နေပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရွာသားများ ဖမ်းဆီးခံလိုက်ရသည့် အခြေအနေနှင့် ပတ်သက်၍ “စစ်သားတွေ ရွာထဲ ဝင်လာပြီးတော့ သေနတ် တွေ တွေ့တယ်။ ဖမ်းတာစဖမ်းကတည်းက ၈၀ နီးပါး အခုတော့ တစ်ရာကျော်တော့မယ်" ဟု ဒေသခံတစ်ဦး ကပြောသည်။

သစ်စိမ့်ကုန်းကျေးရွာသည် ကရင်တိုင်းရင်းသား အများစု နေထိုင်ကြသည့် ကျေးရွာတစ်ရွာဖြစ်ပြီး လယ်ယာ လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကာ အိမ်ခြေပေါင်း ၁၈၀ ကျော်ခန့် ရှိသည်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကန်ကြီးထောင့်မြို့နယ် "ရွေး”ကျေးရွာ အခြေခံပညာ အထက်တန်း ဗုံးပေါက်ကွဲမီးလောင်မှုနှင့် ပတ်သက်၍ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...