အုပ်ကြီးများအား နှုတ်ထွက်ခွင့်မပြု

အုပ်ကြီးများအား နှုတ်ထွက်ခွင့်မပြု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်ခွင့် တင်ပြထားရာ စစ်ကောင်စီက နှုတ်ထွက်ခွင့်မပေးဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

အောက်တိုဘာလ နောက်ဆုံးအပတ်တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းလမု၊ တကူ၊ သာရဘွင်၊ မော်တုန်းကျေးရွာများမှ  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ခွင့် ပေးရန် စစ်ကောင်စီထံ တင်ပြထားခဲ့ခြင်း ဖြစ်သည်။

“ကျန်းမာရေး အကြောင်းပြပြီး ထွက်ခွင့်တင်ထားတာပါ။ လောလောဆယ် ထွက်ခွင့်မပေးနိုင်သေးဘူး။ ဆက် ပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်မှ နှုတ်ထွက်ခွင့်ပေးမယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေဘက်က ပြောတယ်” ဟု အမည်မဖေါ်လိုသူ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးအချို့က မိသားစုအတွက် လုံခြုံမှုမရှိခြင်း၊ မကြာခဏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရခြင်း၊ ကျေးရွာများအတွင်း စီမံခန့်ခွဲအုပ်ချုပ်မှုအပိုင်းတွင် အခက်အခဲများ ရှိနေသည့်အတွက် နှုတ်ထွက်ခွင့်ပေးရန် တင် ပြထားကြခြင်းဖြစ်သည်ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့တွင်စစ်ကောင်စီသတင်းပေး (ဒလန်) ဟု သတ်မှတ်ခံရသူများ၊ ပျူစောထီး (ပြည်သူ့စစ်)များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများလည်း မကြာခဏ ပစ်သတ်ခံရမှုများ ရှိနေ သည့်အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးထားသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...