နဂါးလေး သေနတ်ပစ်ခံရ

နဂါးလေး သေနတ်ပစ်ခံရ

တပ်မတော် ထောက်ခံသူ နာမည်ကျော်လူမိုက် နဂါးလေး(ခ) အောင်နိုင်မြင့်ကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားသည်။

လက်နက်ကိုင် လူအချို့က နိုဝင်ဘာလ ၇ ရက်နေ့၊ နေ့လည်ပိုင်းတွင် တောင်ဒဂုံမြို့နယ်တွင်နေထိုင်သူ လူမိုက်နဂါးလေး(ခ)အောင်နိုင်မြင့်ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာအနီး တွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး က “သူတို့ လမ်းထိပ်မှာပဲ အပစ်ခံရတာ။ လာပစ်တဲ့သူတွေက မျက်နှာဖုံး စွပ်ထားတယ်။ နဂါးလေးကတောင် သေပြီ လို့ ကြားတယ်။ သူကအဲ့ဒီ လမ်းထိပ်မှာအမြဲထိုင်နေကျ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည့် လူမိုက်နဂါးလေးမှာ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် လူမိုက်နဂါးလေး(ခ) အောင်နိုင်မြင့်သည် တပ်မတော်ထောက်ခံသူ အမာခံဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကောင်စီ သတင်းပေးလုပ်နေသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက “သေနတ်သံက နှစ်ချက်ပဲကြားလိုက်တယ်။ လုံခြုံ ရေးတွေကတော့ အများကြီးပဲ။ အရွယ်ကောင်းတဲ့သူတွေ ဝင် ဆွဲမယ်လို့လည်း ကြားနေတယ်။ အခုအဲ့ဒီဖက်မှာ ဆိုင်တွေအကုန်ပိတ် ထားတယ်” ဟု ပြောသည်။

နဂါးလေးသည် မူးယစ်ဆေးဝါးမှု၊ လုယက်မှုတို့ကို ကျူးလွန်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးထောင်ကျဖူးသူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက် လာသူ ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှု၏ တရားခံ အောင်ဝင်းဇော်သည် ၂၀၁၆ ခုနှစ်အတွင်းက နဂါးလေး ထံ ဆက်သွယ်ပြီး ဦးကိုနီအား သတ်ဖြတ်ပေးရန် ငွေကျပ်သိန်း ၂၀ဝ ဖြင့်ငှားရမ်းခဲ့ဖူးသည်။

 

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...