ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ၅ ခုတွင် တစ်လအတွင်း တိုက်ပွဲ ၂၇၅ ကြိမ်ဖြစ်ပွား စစ်ကောင်စီတပ် ၂၇၁ ဦးကျဆုံး ၂၆၆ ဦးဒဏ်ရာရရှိ

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ၅ ခုတွင် တစ်လအတွင်း တိုက်ပွဲ ၂၇၅ ကြိမ်ဖြစ်ပွား စစ်ကောင်စီတပ် ၂၇၁ ဦးကျဆုံး ၂၆၆ ဦးဒဏ်ရာရရှိ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ တပ်မဟာ ၅ ခုထဲတွင် ပြီးခဲ့သည့်အောက်တိုဘာ တစ်လအတွင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ (KNDO) နှင့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၂၇၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၇၁ ဦးကျဆုံးကာ ၂၆၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက နိုဝင်ဘာ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ နယ်မြေ ၇ ခုရှိသည့်အနက် တပ်မဟာ -၄ (ဘိတ်ထားဝယ်ခရိုင်) နှင့် တပ်မဟာ -၇ (ဖားအံခရိုင်) မှလွဲ၍ သထုံခရိုင် (တပ်မဟာ-၁) နယ်မြေ၊ တပ်မဟာ-၂(တောင်ငူခရိုင်)၊ တပ်မဟာ -၃ ( ညောင်လေးပင်ခရိုင် )၊ တပ်မဟာ -၅ (မူတြော်ခရိုင် )နှင့် တပ်မဟာ -၆ (ဒူးပလာယာခရိုင် ) နယ်မြေများအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးနှင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်သည်ဟု ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ (၂၆၆)ဦးထဲတွင် ဒု-တပ်ရင်းမှူး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး ပါဝင်ခဲ့သည်ဟု ကေအဲန်ယူ၏ လစဉ်သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် နှစ်ဦး ကျဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU က ပြောသည်။

သို့ရာတွင် အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ၅ လတာ အပစ်ရပ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...