ရဲဘော်စိုင်းဘုန်းမင်းသန့်အလောင်းကို ရက်လေးဆယ်ကျော်ကြာမှ ပြန်လည်သယ်ယူနိုင်ခဲ့

ရဲဘော်စိုင်းဘုန်းမင်းသန့်အလောင်းကို ရက်လေးဆယ်ကျော်ကြာမှ ပြန်လည်သယ်ယူနိုင်ခဲ့

ခြောက်မိုင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် စိုင်းဘုန်းမင်းသန့်ရဲ့ အလောင်းကို ရက်လေးဆယ်ကျော်အကြာ အောက်တိုဘာ ၃၀ ရက်နေ့ညမှာ ပြန်လည်သယ်ယူနိုင်ခဲ့တာလို့ KPDF Page မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို သူနဲ့အတူနောက်ဆုံးရှိခဲ့တဲ့ မိန်းကလေးရဲ့ ညွှန်ပြမှုနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရှာဖွေပေးသူအားလုံးကို ကျေးဇူးတင်တယ်လို့ စိုင်းဘုန်းမင်းသန့်မိခင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။

” ဒီရက်တွေမှာ သားကိုချစ်တဲ့စိတ်နဲ့ တနေရာရာမှာ အသက်ရှင်နေပါစေ ဆိုတဲ့ မရဲတရဲမျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ “

စိုင်းဘုန်းမင်းသန့်ဟာ ပြည်မကနေ ကရင်နီပြည်နယ်ကို လာရောက် လက်နက်ကိုင်တော်လှန်တဲ့ မန္တလေးက သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် စိုင်းဘုန်းမင်းသန့်ဟာ အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) စက်မှုအင်ဂျင်နီယာဌာနက ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပြီး ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ၊ အထက်မြန်မာပြည် ကင်းထောက်လူငယ် နေနဲ့လည်း တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ၂၁ နေ့ကစပြီး ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ KNDF ၊ KA နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၆လအတွင်း KNDF ၊ KA နဲ့ တခြားလက်နက်ကိုင် ရဲဘော် အယောက် ၃၀ သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု ( PKPF ) က ထုတ်ပြန်ထားပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...