ဟားခါးမြို့တွင် သိက္ခာတော်ရ ဆရာတော်တပါး၏နေအိမ် ချိပ်ပိတ်ခံရ

ဟားခါးမြို့တွင် သိက္ခာတော်ရ ဆရာတော်တပါး၏နေအိမ် ချိပ်ပိတ်ခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်တွင်နေထိုင်သော သိက္ခာတော်ရဆရာတော်် ဦးဗန်ကျဲမ်၏နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နှင့် ချိပ်ပိတ်သိမ်းဆည်းလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက် သုသာန်အုတ်ဂူတစ်ခု၌ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိခဲ့မှုနှင့်စပ်လျဉ်း၍ ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲထားကြောင်း၊  ဆရာတော်ဦးဗန်ကျဲမ်ကို ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ၎င်း၏နေအိမ်ကို ယခုကဲ့သို့ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“အဲဒီအုတ်ဂူမှာ လက်နက်တွေ စကစက ဖမ်းတဲ့နောက်ပိုင်းမှာ သူ့ကို မသင်္ကာဖြစ်ကြတာပေါ့ ဘာလို့လဲဆိုတော့ သူက အဲဒီကျောဘုတ်ရပ်ကွက်မှာ လူငယ်ပိုင်းမှာရော၊ ကိုဗစ်-၁၉ ကော်မတီပိုင်းမှာကော ဦးစီးဦးဆောင်သူဖြစ်တယ်၊ တော်တော် တက်တက်ကြွကြွ လှုပ်ရှားတဲ့သူဖြစ်တယ် ဒါကြောင့်သူ့ကို မသင်္ကာဖြစ်ကြတာပေါ့ တိုင်တဲ့သူတွေရှိလားတော့မသိဘူး” ဟု ဟားခါးဒေသခံက ပြောသည်။

ဦးဗန်ကျဲမ်သည် ကျောဘုတ်ရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၏ သိက္ခာတော်ရ ဆရာတော်တစ်ပါးဖြစ်သည်။

ကျောဘုတ်ရပ်ကွက်ရှိ သချိူင်းဝင်းအတွင်း အုတ်ဂူတစ်ခုတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က တစ်လုံးထိုးသေနတ် ၁၇ လက်၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းမျိူးစုံ ၈၄ လုံးနှင့် ကျည်ကာအင်္ကျီ ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချင်းအမျိူးသားတပ်ဦး CNF ဒု-ဥက္ကဌလည်းဖြစ် အမျိူးသားညီညွတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၏ ဟားခါးမြို့နေအိမ်ကိုလည်း စစ်ကောင်စီက အောက်တိုဘာလ ၃၀ ရက်နေ့က ချိပ်ပိတ်ခံခဲ့ရပြီးဖြစ်သည်။

Most read this week

ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...