ခင်ပွန်းမတွေ့သဖြင့် ဇနီးနှင့် ၂ နှစ်အရွယ်ကလေးငယ်ကို ဖမ်းဆီး

ခင်ပွန်းမတွေ့သဖြင့် ဇနီးနှင့် ၂ နှစ်အရွယ်ကလေးငယ်ကို ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အတွင်း ခင်ပွန်းသည်အား မတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ၂ နှစ်အရွယ် ကလေးငယ်ကို စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံ ရွာသားများက ပြောသည်။

 

အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ကျေးရွာနေထိုင်သည့် ကိုလုလုဇော်ကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် လာရောက်ရှာဖွေခဲ့ကြရာ ၎င်းကို မတွေ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

ကဒက်ငယ်ထိန်ကျေးရွာက အသက် ၄၀ ခန့် အရွယ် အမျိုးသမီးတစ်ဦး က “ကိုလုလုဇော်ကို မတွေ့တော့ သူ့မိန်းမ မီးချစ်နဲ့  ၂နှစ်သားလေးကိုပါ ဖမ်းသွားတယ်။ ပြီးတော့ ဦးလေးဖြစ်သူ ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းတို့ကိုလည်း ဘာအကြောင်းမှန်းမသိ ဖမ်းခေါ်သွားတယ် “ ဟု ပြောသည်။

 

ကိုလုလုဇော်သည် ယခင်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မှုရှိခဲ့သော် လည်း လက်ရှိအချိန်တွင် သာမန်ပြည်သူတစ်ဦး အဖြစ် နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု ထားဝယ်ခရိုင် သပိတ် ကော်မတီ က ထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၁ ရက်နေ့ညက စစ်ပြဲကျေးရွာအရှေ့ပိုင်းရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်၏ နေအိမ် တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သေးသည်။

 

ထို့အပြင် ပြင်းထိန်ကျေးရွာက ကိုမင်းလွင်ဦး၏ မိခင်တစ်ဦးနှင့်အတူ ဒေသခံရွာသား ၁၂ ဦးလည်း အဖမ်းခံခဲ့ရ သည်ဟု သိရသည်။

 

အဆိုပါ ဖမ်းဆီးခံရသူများအနက် လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၈ ဦးကို ဆက်လက် ဖမ်းဆီးထားခဲ့ရာ ယနေ့ အချိန်အထိ ပြန်မလွတ်ပေးသေးဘူးဟု ဒေသခံ ရွာသားတစ်ဦး က ပြောသည်။

 

ထို့အပြင် ယနေ့နံနက်ပိုင်းက လောင်းလုံမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေး ဖမ်း ဆီးမှုများပြုလုပ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန CDM ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်များကို ဖမ်းဆီးသွားသည်ဟု ‌မြို့ခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထိုကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ချိန်တွင် နေအိမ်များအတွင်းရှိ အဖိုးတန် ပစ္စည်းများကို ယူသွားလေ့ရှိပြီး အိမ်အသုံးအဆောင် ပရိဘောဂများကိုလည်း ဖျက်ဆီးပစ်လေ့ရှိသည်ဟု ဒေသခံ များက ဆိုသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...