၂၁ ရာစုတွင် မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့်သွား၍ မရနိုင်ဟု ABSDF ပြောဆို

၂၁ ရာစုတွင် မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့်သွား၍ မရနိုင်ဟု ABSDF ပြောဆို

စစ်တပ်အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစကာ လက်နက်ဖြင့် အကြမ်းဖက်၍ နိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားလုယက်သိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်တွယ်ခိုင်မာရေး ကြိုးပမ်းခဲ့သည်ဟု ABSDFက ဆိုပြီး ၎င်းအကျိုးဆက်ပေါ်ပေါက်လာသည့် တော်လှန်ရေး အဖွဲ့အစည်းများကို ABSDF အနေဖြင့် ကြိုဆိုဝန်းရံ လက်တွဲခဲ့ကြောင်း ဆိုသည်။

ထို့အတူ ABSDF အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် မျက်နှာစာ အသီးသီးတွင် တိုက်ပွဲဝင်ခဲ့ကြ သလို လက်ရှိတွင်လည်း ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ကြောင်း ၊ လက်ရှိ အချိန်အထိ ခရီးစဉ်တစ်လျှောက် ထိခိုက် ကျဆုံးခဲ့သည့် ရဲဘော်ရဲ ဘက်အပေါင်းကိုလည်း လေးစားတန်ဖိုးထား အလေးပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် စစ်ကောင်စီက ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)၏ ၆ နှစ်ပြည့်အခမ်းအနားသို့ ABSDF မှ ဦးမင်းဇော် သွားတက်ရောက်ခဲ့သည့်အပေါ်တွင် ဝေဖန်ခံခဲ့ရသေးပြီး ၎င်းကိစ္စနှင့်ပတ်သက်၍လည်း ABSDF မှ ဗဟို၏ သဘောထား မပါဝင်ကြောင်း ပြန်လည် ထုတ်ပြန်ရှင်းလင်းထားသည်။

၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးသို့ ရောက်ရှိလာသည့် ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမားများနှင့် လူငယ်များက ABSDF ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ABSDF သည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေရှိရာ ဒေသများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင် အသီးသီးလှုပ်ရှား လျက်ရှိသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...