လိူင်းဘွဲ့မြို့နယ်ရှိ ရွှေဂွန်း စံပြကျေးရွာတွင် ဗုံးပေါက်ပွဲမှုဖြစ်ပွားခဲ့

လိူင်းဘွဲ့မြို့နယ်ရှိ ရွှေဂွန်း စံပြကျေးရွာတွင် ဗုံးပေါက်ပွဲမှုဖြစ်ပွားခဲ့

ကရင်ပြည်နယ် ၊ လိူင်းဘွဲမြို့နယ်၊ ရွှေဂွန်းစံပြကျေးရွာ ရွှေပြည်တော်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ကားလမ်းဘေးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ-NLD  ၏ ကျေးရွာခေါင်းဆောင် နေအိမ်ကို ကားတစ်စီးက အရှိန်ဖြင့် မောင်းလာပြီး ဗုံးဖြင့် ပစ်သွင်းသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

"နေအိမ်က ကားလမ်းဘေးမှာဆိုတော့ ကားကို တရှိန်ထိုးမောင်းပြီး ပစ်ထည့်သွားတယ်လို့လည်း နေအိမ်မှ လူတွေနဲ့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။ အိမ်ရှေ့မျက်နှာစာမှာ ကျသွားတော့ အိမ်ကလူတွေ ထိခိုက်တာမျိုးတစ်ခုမှတော့ မရှိပါဘူး။ အသံကအရမ်းကျယ်တော့  အထိတ်တလန့် ဖြစ်သွားတာပဲ ရှိပါတယ် ။" ဟု အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါ NLD ၏ ကျေးရွာခေါင်းဆောင် နေအိမ်ကို   စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့ ဖြစ်သည့် ပျူစောထီး အဖွဲ့က လာရောက်ဗုံးပစ်သွင်းသွားခြင်းဖြစ်မည်ဟု ဒေသခံနှင့် အနီးဝန်းကျင်ရှိ လူများက မှတ်ချက်ပြုကြသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...