ဗျူစောထီးဆိုသူကို ပစ်သတ်ပြီး နောက်တနေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး နှုတ်ထွက်စာတင်

ဗျူစောထီးဆိုသူကို ပစ်သတ်ပြီး နောက်တနေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး နှုတ်ထွက်စာတင်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရှိ “မရဲ့ ရွာသစ်” မှ စစ်ကောင်စီခန့်က အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်ဆိုသူ ထပ်မံ နုတ်ထွက်သွားသည်။

ဘိုကလေးမြို့နယ် အောက်လှည်းဆိပ် ကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နုတ်ထွက်သွားပြီးနောက် ဦးသန်းဝင်းအောင်သည် ဒုတိယမြောက် နုတ်ထွက်သူ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဒေသခံ ပြောက်ကျားတပ်ဖွဲ့ “ဧရာဗေဒါ”အဖွဲ့ ၏ ဖုန်းဆက် သတိပေးခြင်းကို ခံရပြီးနောက် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး တာဝန်မှ နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

“ပျူစောထီးလို့ပြောနေကြတဲ့ ချစ်စမ်းမောင် ပစ်သတ်ခံရတဲ့ နောက်တစ်နေ့ နုတ်ထွက်သွားတာပါ။ နုတ်ထွက်စာ ထဲမှာတော့ ကျန်းမာရေးမကောင်းလို့ဆိုပြီး အကြောင်းပြထားတာပဲ” ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်သည် ပျူစောထီးအဖွဲ့ဝင်များနှင့် ဆက်စပ်မှုများရှိနေပြီး စစ်ကောင်စီ အဖွဲ့က တောင်းသည့် ငွေကျပ်သိန်း ၅၀ ကျော်ကို ကောက်ခံပေးနေသော သတင်းများကြားသဖြင့် ပြောက်ကြားတပ်ဖွဲ့က သတိပေးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းချိန် မှစ၍ ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်သားက ရပ်ကွက်များ၊ ကျေးရွာများက အုပ်ချုပ်ရေး အဖွဲ့ဝင်များကို မထီမဲ့မြင် အမိန့်ပေးခြင်းများ၊ အနိုင်အထက် ပြုမူဆက်ဆံခြင်းများ ရှိနေသည့်အပြင် PDF များ ကလည်း သတိပေးလာသဖြင့် ထပ်မံနုတ်ထွက်လိုသူများ ရှိနေသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုသည်။

“ဧရာဗေဒါ”အဖွဲ့ဝင်တစ်ဦးက “ဘာပဲဖြစ်ဖြစ် စစ်ကောင်စီ ခိုင်းတာ လိုက်မလုပ်ကြဖို့လိုတယ်။ နုတ်ထွက်တာကို ကြိုဆိုပါတယ်။ ပြည်သူနဲ့ ပူးပေါင်းပါ” ဟု ပြောသည်။

စစ်ကောင်စီအား အထောက်အပံ့ပြုသူများနှင့် သတင်းပေး ဒလန်များကို ဆက်လက်သုတ်သင် သွားမည် ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများ စစ်ကောင်စီ လက်အောက်မှ နုတ်ထွက်ကြရန် “ဧရာဗေဒါ” အဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့ ကတည်းက သတိပေးချက်ထုတ် ပြန်ထားသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...