ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ

ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးသည် အခြေအနေစိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။

ပန်ဆိုင်းမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာ (၂၃) ရက်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး လက်ရှိမှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“သူ့ရင်ဘတ်ကို ထိသွားတာ။ မူဆယ်ဆေးရုံကို ပို့ပေးပြီးတော့ ခွဲစိတ်ဖို့ ကိရိယာ ပစ္စည်းက မပြည့်စုံလို့ဆိုပြီးတော့ မန္တလေးကို ပို့ပေးလိုက်တယ်။ ကျန်းမာရေး အခြေနေကတော့ စိုးရိမ်ရတယ်လို့ပြောတယ်။ လက်နက်ကြီးစ မှန်သွားတယ်လေ” ဟု ပန်ဆိုင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်နန်းဘောက်သည် ကလေး (၃) ဦးမိခင်ဖြစ်ပြီး အသင်းတော် အခြေပြု ပညာရေးဂေဟာတွင် စာသင်ပေးနေသည့် ဆရာမတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ပန်ဆိုင်းမြို့တွင် အောက်တိုဘာ (၂၃) ရက်နေ့နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း သိရသည်။

“အခုလော‌လောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ တိုက်ပွဲမဖြစ်ဘူး။ ဘယ်နေ့ဘယ်ချိန်ထဖြစ်လာမှာလဲတော့ မသိသေးဘူး။ အခုက လက်နက်ကြီးပါသုံးလာပြီဆိုတော့ စိတ်ပူရတယ်” ဟု ပန်ဆိုင်းမြို့ ဒေသခံတဦးက ပြောသည်။

ပန်ဆိုင်းမြို့တွင် အောက်တိုဘာ (၁၈) ရက်နေ့ကလည်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တိုက်ပွဲကြောင့် သက်ကြီးရွယ်အို အမျိုးသားတဦး သေဆုံးသွားခဲ့ရသည်။

သျှမ်းမြောက် ပန်ဆိုင်းမြို့နယ်ဘက်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...