KIO သည် ဓမ္မဘက်ရပ်တည်ပြီး အဓမ္မဘက်ရပ်တည်သူများမှာ အာဏာရှင်ကို ထောက်ခံနေဟု KIO ဥက္ကဋ္ဌဆို

KIO သည် ဓမ္မဘက်ရပ်တည်ပြီး အဓမ္မဘက်ရပ်တည်သူများမှာ အာဏာရှင်ကို ထောက်ခံနေဟု KIO ဥက္ကဋ္ဌဆို

ကချင်လွတ်လပ်ရေးအဖွဲ့  KIO အနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေတွင် ဓမ္မဘက်ရပ်တည်နေသလို ပြည်သူလူထုများအနေဖြင့် ဓမ္မနှင့်အဓမ္မကို ခွဲခြင်းသိမြင်ရမှာဖြစ်ပြီး အဓမ္မဘက်ရပ်တည်သူများကို အာဏာရှင်ကို ထောက်ခံနေသူများဖြစ်ကြောင်း (၆၁) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၅ ရက် ကျရောက်သော KIO အထိမ်းအမှတ်နေ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ကချင်ဘာသာဖြင့် စာမျက်နှာ ၆ မျက်နှာရှိသော မိန့်ခွန်းတွင် ယခုလိုထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါမိန့်ခွန်းကို KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကိုယ်တိုင် Alen Yang TV တွင် ရုပ်သံဖြင့် ပြောကြားထားသည်။

အဆိုပါ မိန့်ခွန်းတွင် KIO အနေဖြင့် ခေတ်အဆက် မြန်မာအစိုးရများဖြင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း လက်မခံခဲ့ဘဲ နောက်ဆုံးတွင် နယ်ခြားစောင့်တပ်အဖြစ်သာအသွင်းပြောင်းရန် တွန်းအားပေးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ လူထုအများစုထောက်ခံကာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာသော NLD အစိုးရသည်လည်း တော်လှန်ရေးအဖွဲ့များ၏ တင်ပြမှုကို အရေးတယူမလုပ်ခဲ့ကြောင်း ဆိုထားသည်။

၂၁ ရာစုပင်လုံညီလာခံသည်လည်း NLD နှင့် စစ်တပ်၏ အမိန့်ပေး မိန့်ခွန်းကို သွားရောက်နားထောင်သည့် အခြေအနေတစ်ခုသာဖြစ်ခဲ့ကြောင်း ပြောထားသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော လက်ရှိနိုင်ငံရေး အခြေအနေတွင် မြန်မာတစ်နိုင်ငံမှ ဖိနှိပ်ခံလူမျိုးများ၏ လွတ်မြောက်ရန်အတွက် တစ်ခါမှမရဖူးသော အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် KIO အနေဖြင့် အာဏာရှင်ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

အလားတူ ပြည်သူလူထုအနေဖြင့်လည်း ဓမ္မနှင့်အဓမ္မကို ခွဲခြားပြီး မားမားမတ်မတ် ရပ်တည်ရမည်ဟု ဆိုသည်။

ဖိနှိပ်ခံ ကချင်လူမျိုးများလွတ်မြောက်ရန်အတွက် ၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၎င်း၏ လက်နက်ကိုင်စစ်တပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...