တိုင်းရင်းသားတပ် တိုက်ပွဲကြောင့် ဟူးကွက်ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရ

တိုင်းရင်းသားတပ် တိုက်ပွဲကြောင့် ဟူးကွက်ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် သျှမ်းပြည် ပြန်လည်ထူထောင်‌ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု (TNLA,SSPP/SSA)တို့ တိုက်ပွဲကြောင့် ဟူးကွက်ကျေးရွာ‌ဒေသခံ (၂)ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဟူးကွက်ကျေးရွာတွင် ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) တိုက်ပွဲတွင် လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်မှုကြောင့် အသက် (၆၀) ကျော် အမျိုးသားတစ်ဦးနှင့် အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“သူတို့ပစ်တာ ရွာထဲရောက်လာတော့ အဖိုးဖြစ်သူနဲ့ မြေးဖြစ်သူကို ထိမှန်သွားတာ။ မနေ့က တိုက်ပွဲပြင်းထန်တယ်။ သူတို့ လက်နက်ကြီးတွေ ပစ်ခတ်ကြတာ။ ဒီနေ့တော့ နည်းနည်းငြိမ်သွားတယ်” ဟု ဟူးကွက်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် မြေးဖြစ်သူသည် လက်တွင် ထိမိသွားပြီး လက်ညိုးများပျက်ကျသွားကြောင်း သိရသည်။

လက်ရှိတွင် ထိုလက်နက်ကြီးထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“အဖိုးဖြစ်သူကတော့ ထိခိုက်မှု ဒဏ်ရာ သိပ်မများဘူး။ သူ့မြေးက ဗိုက်နဲ့ လက်မှာ ထိသွားတာ။ လက်ညိုး (၂) ချောင်း ပျက်သွားတယ်။ ဗိုက်မှာလည်း ထိထားတယ်။ သူ့မြေးက ဒဏ်ရာပြင်းထန်တယ်။ အခုက မန္တလေးဆေးရုံကို ပို့ထားလိုက်ပြီလို့ကြားတယ်” ဟု အထက်ပါ ဒေသခံတဦးက ပြောသည်။

ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယနေ့ချိန်ထိ (RCSS/SSA) နှင့် (TNLA,SSPP/SSA) တို့ စစ်ရေးဆက်လက်တင်းမာနေသေးကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...