ဖယ်ခုံမြို့ စကစ လက်နက်ရမ်းသမ်းပစ် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

ဖယ်ခုံမြို့ စကစ လက်နက်ရမ်းသမ်းပစ် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

သျှမ်းတောင် ဖယ်ခုံအခြေစိုက် ဖယ်ခုံမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၃၆ သည် အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်တွင် သေနတ်များဖြင့် ရမ်သမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။

“ည ၉ နာရီခွဲလောက်မှာ PDF တွေက တပ်ကို လာတိုက်တယ်၊ အဲ့မှာသူတို့က လူရော လက်နက်ရော ဆုံးရှုံးလိုက်ရတယ် လို့ ကြားတယ်၊ အဲ့လို နှစ်ဘက်ပစ်ခတ်သံတွေ ငြိမ်သွားပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေတော့ စကစတွေက တပ် ကင်းတဲကနေ မြို့ထဲကို ရမ်းပစ်တာ၊ ဘုန်းကြီးကျောင်းနဲ့ အိမ်တချို့ ပျက်စီးသွားတယ်” ဟု ဖယ်ခုံမြို့ပေါ်နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံ PDF သည် စစ်ကောင်စီ တပ် ခမရ ၃၃၆ ကို ဝင်ရောက်တိုက်ခိုက်သဖြင့် စကစ ကင်းစောင့်တပ်သား ၅ ဦး သေဆုံးခဲ့ပြီး သေနတ် ၅ လက် ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအပြီး PDF များ ပြန်လည်ဆုတ်ခွာပြီးသည့်နောက်တွင် စကစ က ဖယ်ခုံမြို့ပေါ်သို့ (၁၀) မိနစ် ဝန်းကျင်ခန့်ထိ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့ဘက်မှ ယင်းကဲ့သို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးရပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု ရှိ/မရှိကိုမူ မသိရသေးပါ။

ဖယ်ခုံ PDF တို့သည် ခမရ ၃၃၆ ကို လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတို့ အသုံးပြုသော MA3 အမျိုးအစား သေနတ် ၃ လက်၊ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်အား သိမ်းဆည်းရမိကြောင်းလည်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ ခမရ ၃၃၆ တပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင်လည်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ စိန်ပြောင်းများအသုံးပြုကာ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...