ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် စီးနင်း

ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် စီးနင်း

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်လက် ကန်ရင်းကျေးရွာအနီး စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

အလားတူ အရာတော်မြို့နယ်ထဲရှိ Local PDF စခန်းနှစ်ခုလည်း စီးနင်းခံရကြောင်း သိရသည်။

"PDF က ဖမ်းခံရတဲ့သူမရှိဘူး စခန်းကိုတော့ စစ်ကောင်စီတပ်က မီးရှို့ပေးလိုက်တယ်လို့ သိရတယ်။ ပြီးတော့ ကန်ရင်း‌ ကျေးရွာဘက်ကိုလည်း သေနတ်ဖောက်ပြီး ဝင်မွှေနေတယ်ကြားတယ် လောလောဆယယ်တော့ ရွာခံ ၅ယောက်လောက်တော့ ဖမ်းခံထားရတယ်လို့ သိရတယ်" ဟု နီးစပ်သူများက ပြောသည်။

လက်ရှိချိန်ထိ စစ်ကောင်စီတပ်သည် ကန်ရင်းရွာ ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင် တပ်စွဲထားပြီး ရွာတွင်း‌စစ်ဆေးမူများ ပြုလုပ်နေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၄နာရီဝန်းကျင်မှစကာ ဒိုင်နာကား၊ မှန်လုံကား၊ လိုက်ထရပ်ကား စုစုပေါင်း ၈ စီးခန့်ဖြင့် မြင်းမူလမ်းဘက်မှ ကားများမီးပိတ်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

"အခုထိ စစ်သားတွေက ရွာထဲမှာရှိနေတုန်းမို့ ဘာတွေဆက်သွယ်ရနည်းနည်းခက်နေတယ် အဲကြောင့် ရွာထဲက အခြေနေအသေးစိတ်အသိရသေးဘူး" ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း စစ်ကိုင်းတိုင်းနေရာအနှံ့ဆိုသလို ရွာထဲဝင်ရောက်ကာ ရွာသားများအား လိုက်လံဖမ်းဆီးမူများ ရှိနေသည့်အပြင် နေအိမ်များပါ မီးရှို့ဖျက်ဆီးလာနေကြောင်း မြေပြင်သတင်းပေးပို့သူများက ပြောသည်။

ထို့ပြင် အရာတော်မြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

 
 

 

 

Most read this week

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...