ဧရာဝတီတိုင်းတွင် သတင်းသမားများနှင့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ လွတ်မလာသေး

ဧရာဝတီတိုင်းတွင် သတင်းသမားများနှင့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ လွတ်မလာသေး

ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းရာမှ ပြန်လွှတ်ပေးသူများတွင် သတင်းစာဆရာများနှင့် နာမည်ကြီး နိုင်ငံရေးသမားများ မပါဝင်သေးဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်များမှ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းထားသူ ၂၀၇ ဦးကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သည်။

"သူတို့က ကျနော်ကို သံသယနဲ့ အထောက်အထားမရှိဘဲဖမ်းပြီး ပုဒ်မ ၅၀၅ တပ်ထားတာ အပြစ်မရှိလည်းဖမ်းတာ။ အခုလိုပြန်လွှတ်ပေးလည်း ကျေးဇူးတင်စရာအကြောင်းမရှိဘူး" ဟု ပြန်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

သို့သော်လည်း ဧရာဝတီတိုင်းအခြေစိုက် သတင်းသမားများဖြစ်ကြသည့် မြန်မာသံတော်ဆင့်မှ ကိုရဲရင့်ထွန်း (ပုသိမ်)၊ Delta News Agency မှ ကိုမျိုးစံစိုး (ဖျာပုံ)၊ မအူပင်ဟစ်တိုင်က ကိုဖြိုးလေးချမ်း (မအူပင်) တို့ မလွှတ်သေးကြောင်း ဧရာဝတီတိုင်းအခြေစိုက် လွတ်လပ်သော သတင်းမီဒီယာကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းထွဋ်အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊ မြောင်းမြမြို့တွင် အဖမ်းခံထားရသည့် ဆရာ/ဆရာမများ၊ ပရိဟိတသမားများလည်းကို ပြန်မလွှတ်ပေးသေးဘူးဟု သိရသည်။

"စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကနေ သက်သာရာသက်သာကြောင်း ပုဒ်မ ၅၀၅ တပ်ထားရတဲ့သူတချို့ကို ဟန်ပြလွှတ်ပေးတာ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ထောင် ၅ ထောင်က ပုဒ်မ ၅၀၅ အကျဉ်းသား ၂၀၇ ဦးကို လွှတ်ပေးခဲ့သော်လည်း မြို့အသီးသီးရှိ အချုပ်ခန်းများ နတခ စစ်ကြောရေးစခန်းနှင့် ထောင် ၅ ထောင်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူ ၄၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...