မြဝတီတွင် Taxi မောင်းသူ၏လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက်ထွက်ပြေးသူ ၂ ဦးအား ဇာသပြင်တံတားတွင်ဖမ်းမိ

မြဝတီတွင် Taxi မောင်းသူ၏လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက်ထွက်ပြေးသူ ၂ ဦးအား ဇာသပြင်တံတားတွင်ဖမ်းမိ

ကရင်ပြည်နယ် မြဝတီမြို့တွင် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်က ဆိုင်ကယ် Taxi မောင်းသူတစ်ဦးအား လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက်ထွက်ပြေးသူ အမျိုးသားနှစ်ဦးအား ဖားအံ-မော်လမြိုင်သွားလမ်း ဇာသပြင်တံတားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက် ၁၀ နာရီအချိန်ခန့်ကမြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် ရေပူကျေးရွာနေ ဆိုင်ကယ် Taxi နံပါတ် (၃၈) မောင်းသူ ဦးကျော်မင်း အသက် (၄၀) နှစ်သည် ဆိုင်ကယ် Taxi မောင်းနေစဉ် ၎င်းနှင့်အိမ်နီးချင်းဖြစ်သူ ဦးဝင်းထွန်းနှင့် ချစ်အောင်သဲတို့ သားအဖနှစ်ဦးမှ ဆိုင်ကယ် Taxi ငှားစီးရာ ဦးကျော်မင်းက လိုက်ပို့ပေးခဲ့သည်။

ထိုသို့ လိုက်ပို့ပေးစဉ် မြဝတီမြို့ပြင် တိုးချဲ့ရပ်ကွက် ၆ နှင့် ၇ လမ်းကြား တစ်နေရာအရောက်တွင် ဆိုင်ကယ်ငှားစီးသူ သားအဖနှစ်ဦးမှ အသင့်ပါလာသောဓားဖြင့် ဦးကျော်မင်းအား လည်ပင်းလှီးကာ ဆိုင်ကယ်လုယက် ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဆိုင်ကယ်လုပြေးသူနှစ်ဦးမှာ မွန်ပြည်နယ် မော်လမြိုင်မြို့ဘက်သို့မောင်းပြေးရာ ဇာသပြင်တံတားအရောက်တွင် လုယူသွားသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိမှာ ဦးကျော်မင်းတွင် လည်ပင်း၌ ဒဏ်ရာပြင်းထန်စွာရရှိထားသဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံမှ ဖားအံဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူနေရကြောင်း ၎င်း၏မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...