ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်

ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

သစ်ပုတ်ကျေးရွာအုပ်စုအတွင်းရှိ Mytel ဖုန်းတာဝါတိုင်တွင် လုံခြုံရေးအစောင့်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်ဖြစ်သည့်တိုက်ပွဲတွင် တာဝါတိုင်စောင့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးထဲက ၅ ဦးခန့် သေဆုံးနိုင်ပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

"သန်းခေါင်ကျော် လင်းအားကြီးလောက်မှာဖြစ်တာ။ သူတို့အထိနာလို့ အဲ့သတင်းကို ဖုံးထားတာလို့လည်း ပြောနေကြတယ်။ ခု အဲ့ဒီရွာဘက်ကို နယ်မြေရှင်းလင်းရေးသွားပြီလို့ သိရတယ်" ဟု ဒေသခံကတစ်ဦးက အတည်ပြုပြောသည်။

အောက်တိုဘာလ ၁၈ ရက် ညကလည်း ပေါင်းတည်မြို့၊ ဇီးပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၃ ချက် အပစ်ခံရပြီး သေဆုံးသွားပြီး အောက်တိုဘာလ ၁၉ ရက်နေ့ ညကလည်း ပျဉ်ပုံအုပ်စု၊ ခြံကြီးထောင့်ကျေးရွာက အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းထွန်း သေနတ်ဖြင့် အပစ်ခံရသည်။

သို့သော် ခြံကြီးထောင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ထိခိုက်မှုမရှိဘူးဟု ဒေသခံများက ပြောသည်။

 

လက်ရှိ ပေါင်းတည်မြို့၊ အဝင်/အထွက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျှက်ရှိနေပြီး၊ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက်စီးခွင့်ကိုလည်း တားမြစ်ထားသည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...