ပန်ဆိုင်းရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့

ပန်ဆိုင်းရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းကို ယနေ့နေ့လယ်ပိုင်းက ကိုးကန့် MNDAA တပ် ထိုးစစ်ဆင်ခဲ့ပြီးနောက် မုံးကိုးဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နေ့လည် ၁၂ နာရီခွဲခန့်ကစတင်က ပန်ဆိုင်းမြို့ ရပ်ကွက် ၅ တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း "ကျွန်မတို့ ရပ်ကွက် ၅ ဘက်မှာ ပစ်နေပြီ။ လက်နက်သေးတွေ ပစ်နေတယ်။ လက်နက်ကြီးလည်း ပစ်သံကြားရတယ်။ အခု ကတုတ်ကျင်းထဲမှာ ပုန်းနေတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပန်ဆိုင်းမြို့ ရဲစခန်းကို MNDAA တပ်က ထိုးစစ်ဆင်ပစ်ခတ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာ မွန်းလွဲပိုင်းမှာပဲ တိုက်ပွဲပြန်လည်ငြိမ်သွားတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ပန်ဆိုင်းမြို့တစ်ဝိုက်မှာ စစ်ကောင်စီတပ် ကိုးကန့် MNDAA တပ်အပြင် တအောင်း TNLA တပ်တို့ လှုပ်ရှားသွားလာနေတာလည်း မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်းလွဲပိုင်း ၃ နာရီကနေ ၅ နာရီ ကျော်ခန့်အထိ မုံးကိုးမြို့ ကောင်းဒပ်ဘက်မှာ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကာ ညနေ ၆ နာရီအထိ ပစ်ခတ်သံအနည်းငယ် ကြားနေရဆဲဖြစ်တယ်လို့ မုံးကိုးဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) တို့အကြား မုံးကိုးဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစတင်ပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိလာပြီး လက်နက်ကြီးထိမှန်သေဆုံးသူ ၁၀ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိပြီဖြစ်ပါတယ်။

 
 

 

 

Most read this week

ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...