လေယာဉ်ပျံသန်းမှု၊ ညပိုင်းပစ်ခတ်မှုများကြောင့် မကွေးဒေသခံများ ထိတ်လန့်

လေယာဉ်ပျံသန်းမှု၊ ညပိုင်းပစ်ခတ်မှုများကြောင့် မကွေးဒေသခံများ ထိတ်လန့်

မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်များ ညစဉ်ဆက်တိုက် ပျံသန်းနေသည့်အပြင် မကွေးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်လည်း ည ၁၂ နာရီ အချိန်အခန့်တွင် စစ်ကောင်စီတပ်က သေနတ်များဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

လေတပ်လေယာဉ်များက ညစဉ်ဆက်တိုက် လေယာဉ်များပျံသန်းနေပြီး အနီးအနားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

မကွေးမြို့နယ် နွားကူးကျေးရွာမှ အသက် ၄၀ ခန့်ရှိ ဒေသခံတစ်ဦးက "ညက သေနတ်နဲ့ အသားလွတ် ၇ ချက်လောက်ပစ်တယ်။ ညတိုင်း လိုလို လေတပ်က လေယာဉ်တွေ တဝေါဝေါနဲ့ ပျံနေတယ်။ အလုပ်အကိုင် အဆင်မပြေရတဲ့ကြားထဲ ကျီးလန့်စာစားရသလို အထိတ်တလန့်ဖြစ်နေရတယ်" ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တိုက်လေယာဉ်များက မိုးသည်းထန်စွာရွာသွန်းသည့် ညများမှလွဲ၍  ညစဉ် ပျံသန်းမှုများ ပြုလုပ်နေခြင်း၊ မကြာခဏ သေနတ်များဖြင့် ပစ်ခတ်နေမှုတို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်များက အောက်တိုဘာလ ညပိုင်းများတွင် ညစဉ်ညတိုင်း တောင်အရပ်၊ အနောက်မြောက်များသို့ ဦးတည်၍ ပျံသန်းနေခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၁ ဇန်နဝါရီလကုန်အထိ ငြိမ်းချမ်းစွာနေခဲ့ရပြီး စစ်အာဏာသိမ်းကတည်းက ထိတ်လန့်နေရကြောင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ထားသောလည်း ယခုကဲ့သို့ တိုက်ပွဲများတွင် လေယာဉ်သံများ၊ သေနတ်သံများကြောင့် ညအိပ်လျှင်ရသည်ပင် အဆင်မပြေဖြစ်နေကြရသည်ဟု မကွေးမြို့က အသက် ၆၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မကွေးမြို့ အဝင်/အထွက်ပြုလုပ်ရသည့် စစ်ဆေးရေးဂိတ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူများသာ ဆေးထိုးပြီးကြောင်း ထောက်ခံစာဖြင့် ဝင်/ထွက်သွားလာခွင့်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ၏ ရှေ့တွင် ဆိုင်ကယ်များကို တွန်း၍ သွားလာဝင်ထွက်နေကြရသည်ဟု သိရသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...