ပင်လောင်းမြို့ စျေးနေ့တွင် ကိုဗစ်−၁၉ ပိုးတွေ့သူ (၁၄) ဦးရှိ

ပင်လောင်းမြို့ စျေးနေ့တွင် ကိုဗစ်−၁၉ ပိုးတွေ့သူ (၁၄) ဦးရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) မြို့မဈေးနေ့တွင် ဈေးတွင်း သွားလာသူများကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးရာ (၁၄) ဦး ကိုဗစ်–၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို ပိုးတွေ့ရှိသူများကို လက်ရှိမှာ ပင်လောင်းဆေးရုံတွင် ထားရှိပြီး ဈေးသွားလာသည့် သူများကို နေအိမ် Quarantine ဝင်ထားခိုင်းကြောင်း သိရသည်။

“မနေ့က ဈေးသွားတဲ့သူတွေမှာပဲ တွေ့တာ။ (၁၄) ယောက်တွေ့တာ။ ပိုးတွေ့လူနာကိုတော့ ဆေးရုံမှာတင်ထားပြီ။ ကျန်တဲ့သူတွေကိုတော့ Home Quarantine ဝင်ထားခိုင်းတယ်” ဟု ပင်လောင်းမြို့ ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

ပင်လောင်းမြို့တွင် ယမန်နေ့က ဈေးတွင် ပိုးတွေ့လူနာများ တွေ့ရှိခဲ့သော်လည်း ယနေ့တွင် ဈေးထပ်မံဖွင့်ထား လျက်ရှိကြောင်း သိရသည်။

ဈေးဖွင့်ထားမှုကြောင့် မလိုအပ်သည့် ရောဂါပြန့်ပွားမှုတိုးလာမှာကို စိုးရိမ်ကြောင်း အထက်ပါ ပရဟိတဝင်တဦးက ပြောသည်။

“ဒီနေ့ ဈေးဖွင့်ထားသေးတယ်။ မနေ့ကလည်း ပိုးတွေ့လူနာ ရှိထားတယ်လေ။ ကျမအနေနဲ့တော့ ပိုးတွေ့လူနာ ထပ်များလာမှာကိုဘဲ စိုးရိမ်တယ်။ မြို့ပေါ်မှာ ပိုးတွေ့လူနာက ကျဆင်းလာနေပြီလေ” ဟု ပင်လောင်းမြို့ ပရဟိတ ဝင်တဦးက ပြောသည်။

ပင်လောင်းမြို့၏ ယမန်နေ့က ဈေးနေ့တွင် လူစည်ကားလျက်ရှိပြီး ကျေးရွာဘက်ကပြည်သူအများစု မြို့ပေါ်သို့ ဈေးလာဝယ်ကြတာဖြစ်ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...