KNDO နှင့်တိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူးအပါအဝင် (၇) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရ

KNDO နှင့်တိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူးအပါအဝင် (၇) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရ

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး (၁) ဦးအပါအဝင် (၇) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သတင်းနှင့်ပြန်ကြားရေးဌာန၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယမန်နေ့ (အောက်တိုဘာလ ၁၈ ရက်) က ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ် မူသယ်ရွာကျေးရွာအထွက်တွင် လုံခြုံရေးယူထားသော (KNDO) တပ်ရင်း (၃) နှင့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၅၅၉ နှင့် ခမရ-၅၉ဝတို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိုသို့ ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု KNU ဘက်ကပြောသည်။

တပ်အင်အား ၁၆၀ ခန့်ရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် KNU တပ်မဟာ (၅) ဘက်သို့ သွားရောက်ရန်အတွက် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ရွာကျေးရွာအတွင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...