သတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် ပေါက်ကွဲမှုဖြစ်

သတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် ပေါက်ကွဲမှုဖြစ်

လှိုင်မြို့နယ်အတွင် စစ်ကောင်စီသတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

စစ်ကောင်စီသတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် အောက်တိုဘာ ၁၈ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

လှိုင်မြို့နယ်၊ ၇ ရပ်ကွက်၊ သရက်မြိုင် ဓမ္မာရုံရှေ့ရှိ အဆိုပါ ကွမ်းယာဆိုင်ပိုင်ရှင်လင်မယားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီဝင်များဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးသဖြင့် ရပ်ကွက်အတွင်း နေထိုင်သူများ ဖမ်းဆီးခံရမှုများရှိနေသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

“ကျနော်ထင်တာတော့ သတိပေးရုံလောက်ပဲ လုပ်တယ်ထင်တယ်။ မနက်အစောကြီး ဆိုင်ဖွင့်တဲ့အချိန်ဖြစ်တာ။ အခုတော့သွားတိုင်မယ်ဆိုပြီးထွက်သွားတာပဲ” ဟု ၇ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် အရပ်ဝတ်ဖြင့် စစ်ကောင်စီအဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့သော်လည်း ဖမ်းဆီးခံရသူများမရှိကြောင်း၊ ပေါက်ကွဲမှုကြောင့်လည်း လူထိခိုက်မှုမရှိဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းကလည်း လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်အတွင်းရှိ စစ်တပ်ပိုင် တပ်မတော် သတ္ထုပစ္စည်းစက်ရုံအနီးတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။

အဆိုပါပေါက်ကွဲမှုများတွင်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးဟု ၁၃ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...