ပဲခူးတိုင်း ဥသျှစ်ပင်မှ လူသုံးဦး ဖမ်းခံရ

ပဲခူးတိုင်း ဥသျှစ်ပင်မှ လူသုံးဦး ဖမ်းခံရ

ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့က လူမှုကူညီရေးလုပ်ကိုင်နေသူ ၃ ဦးကို အောက်တိုဘာ ၁၄ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။



အဖမ်းခံရသူသုံးဦးမှာ အသက် ၄၀ အရွယ် ကိုစိုးမင်းထိုက်၊ အသက်၂၀ အရွယ် မောင်ဟိန်းကိုနှင့် ကျန်းမာရေးမှူး ဦးရဲနိုင်တို့ဖြစ်ကြသည်။



”ကိုဗစ်လှိုင်း သုံးလှိုင်းစလုံး တောက်လျောက် ကိုယ်ကျိုးစွန့်လုပ်နေကြတဲ့လူတွေဗျာ။ သူတို့ကိုယ်တိုင်လည်း ကိုဗစ်အကူးခံရတယ်။ မြို့ရဲ့ အားကိုးရတဲ့လူတွေမို့ ဘာမှမဖြစ်စေချင်ဘူး” ဟု ဥသျှစ်ပင်မြို့၏ မြို့မိမြို့ဖတစ်ဦးက ပြောသည်။



ယခုဖမ်းဆီးခံရသူ ၃ ဦးမှာ အေးသုခ လူမှုကူညီရေးအသင်းကဖြစ်ပြီး ဘာသာရေး သာသနာရေးကဏ္ဍများကိုလည်း မြို့နေဆရာတော်များ၊ သံဃာတော်များနှင့်အတူ တက်ကြွစွာ လှူဒါန်းပါဝင်ကူညီနေကြသူများဖြစ်ပြီး ရေဘေး/လေဘေးကအစ ဦးဆောင်ကူညီနေကြသူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။



”သူတို့ ပြည် ဒကစ တပ်ကို ခေါ်မှာပေါ့။ အောက်တိုဘာလ ၁၃ ရက်နေ့က ပြည်မှာအဖမ်းခံရတဲ့ ဖုန်းဆိုင်က ၅ ယောက်ထဲမှာ ဥသျှစ်ပင်က တစ်ယောက်ပါတယ်။ အဲဒါနဲ့ ဆက်စပ်နေလားမသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။



ယခုအချိန်အထိ ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ တိကျသည့် သတင်းတစ်စုံတစ်ရာ မရရှိသေးသဖြင့် မိသားစုဝင်များနှင့် အသင်းဝင်များက စိုးရိမ်နေကြသည်။

 

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...