ကိုဗစ်ကူးစက်ခံ မိုင်းကိုင် စစ်ရှောင်အမျိုးသမီး ကလေးမွေးဖွားပြီး ၂ နာရီအကြာ သေဆုံး

ကိုဗစ်ကူးစက်ခံ မိုင်းကိုင် စစ်ရှောင်အမျိုးသမီး ကလေးမွေးဖွားပြီး ၂ နာရီအကြာ သေဆုံး

သျှမ်းတောင် မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ခံရသည့် မွေးဖွားစ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားပြီး (၂) နာရီအကြာ သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ် ယနေ့ (အောက်တိုဘာ ၁၄) ရက် ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် မွေးဖွားစ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားပြီး (၂) နာရီအကြာ နေ့လည် ၁ နာရီခွဲကျော်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ မွေးဖွားစ စစ်ရှောင်အမျိုးသမီးသည် အသက် (၂၉) နှစ်အရွယ်သာရှိပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာတွင်နေထိုင်သည့်သူဖြစ်ပြီး၊ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့ ရပ်ကွက် (၅) ပန်ကတ်တွင် စစ်ဘေးရှောင်လာသည့်သူဖြစ်သည်။

“သူက (မွေးဖွားစ ကိုဗစ်-၁၉ အမျိုးသမီး) မနက် ၁၁နာရီခွဲမှာ ကလေးမွေးတယ်။ ကလေးကို ရိုးရိုးပဲမွေးတာ။ နေ့လည် ၁ နာရီခွဲမှာ မိခင်ဆုံးသွားတယ်” ဟု မိုင်းကိုင် ပရဟိတလုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုမွေးဖွားစ အမျိုးသမီးသည် ကိုယ်ဝန် (၈) လရှိပြီး ကိုဗစ်-၁၉ ကူးစက်ခံထားရသည့်သူဖြစ်ကာ ပန်ကတ်တွင် ဆေးကုသနေစဉ် မသက်သာသဖြင့် မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ရကြောင်း သိရသည်။

လက်ရှိမှာ မိခင်ဖြစ်သူဆုံးပါးသွားခဲ့ရပြီး ကလေးငယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ၊ မရှိမသိရသေးကြောင်း၊ မွေးကင်းစကလေးငယ်သည် (၆) ပေါင်ရှိကြောင်းလည်း ပရဟိတအမျိုးသားက ပြောသည်။

“ကလေးကတော့ ကိုဗစ်-၁၉ ကူးစက်၊ မကူးစက်တော့ မသိရသေးဘူး။ ကလေးကတော့ (၆) ပေါင်ရှိတယ်လို့ကြားတယ်” ဟု ၎င်းကဆိုသည်။

ယနေ့ (အောက်တိုဘာ ၁၄) ရက်တွင် မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၁၅) ဦး၊ သေဆုံးသူ (၃) ဦးနှင့် ကုသနေသူ (၁၀) ဦးရှိကြောင်း သိရသည်။

ထိုမိုင်းကိုင်မြို့နယ် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင် ထောင်ချီရှိပြီး၊ ကိုယ်ဝန်ဆောင်မိခင်များ၊ လမ်းတွင် မီးဖွားစမိခင်များလည်းရှိကြောင်း သိရသည်။

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...