၆၆ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် ယဉ်ကျေးမှုဒုံးအဖွဲ့အများစု ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟုဆို

၆၆ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် ယဉ်ကျေးမှုဒုံးအဖွဲ့အများစု ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟုဆို

ကရင်ပြည်နယ်ကောင်စီအဖွဲ့မှ လာမည့်နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် ပြည်နယ်နေ့ပွဲတော်ကို ကျင်းပသွားမည်ဖြစ်သော်လည်း သက်ဆိုင်ရာ ဒုံးအဖွဲ့အသီးသီးမှ ကရင်ရိုးရာဒုံးပြိုင်ပွဲကို သွားရောက်ဖျော်ဖြေ ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ယဉ်ကျေးမှုအဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။

“ဟန်ပြလောက်ပဲ လုပ်သွားမယ်ထင်တယ်။ ယဉ်ကျေးမှုအပိုင်းလဲ ဘာမှအနှစ်သာရရှိမှာ မဟုတ်ဘူး။ ကျနော်တို့ယဉ် ကျေးမှုအဖွဲ့တွေ သွားပြီးပူးပေါင်းလုပ်ဆောင်ဖို့ မရှိပါဘူး။ နိုင်ငံရေးအခြေအနေအရ၊ ရောဂါအခြေအနေအရ အများစု မသွားကြဘူး။ ခါတိုင်းနှစ် ဒုံးအက သွားပြိုင်ဖို့ အကတိုက်နေကြပြီးလေ။ ဒီနှစ်တော့ ဘယ်သူမှ မလုပ်ကြတော့ဘူး” ဟု မြို့နယ်ကိုယ်စားပြု ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၁၃ ရက်တွင် ကေအိုင်စီသို့ပြောသည်။

ပြည်နယ်နေ့တွင် ပြခန်းများ၊ ကရင်ရိုးရာ ဒုံးအက၊ ဖျော်ဖြေပွဲများနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများပါ ကျင်းပသွားမည်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က ပြည်နယ်စစ်ကောင်စီရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကောင်စီဥက္ကဌ စောမြင့်ဦးက ပြောဆိုသွားကြောင်း ပြည်နယ်၊ ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေး (ပြန်ဆက်) ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ယခုနှစ် ပြည်နယ်နေ့ပွဲတော်တွင် လက်ဝှေ့ဆိုင်းတွဲ ၃၂ တွဲ ဝင်ရောက်ယှဉ်ပြိုင် ထိုးသွားမည်ဖြစ်ပြီး မြို့နယ် ၇ ခု ကိုယ်စားပြု ကရင်ဒုံးအဖွဲ့များ၏ သွားရောက်ဖျော်ဖြေမည့်စာရင်းကို အတည်မပြုနိုင်သေးသကဲ့သို့ မည်သည့်မြို့နယ်များမှလည်း ယခုအချိန်ထိ ဒုံးအက လေ့ကျင့်သင်ကြားနေခြင်း မရှိသေးကြောင်း ယဉ်ကျေးမှုအဖွဲ့များထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် (၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်ခဲ့ကြပြီး ထိုနှစ်မတိုင်ခင် (၆၄) နှစ်မြောက် ပွဲတော်၌ မြို့နယ်ကိုယ်စားပြု ကရင်ဒုံးအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရသေ့ပျံရွာဒုံး ပထမ၊ နောင်ပလိန်ရွာဒုံး ဒုတိယ၊ ကော့ပလန်ရွာဒုံးမှ တတိယဆုဖြင့် အသီးသီးရရှိခဲ့ကြောင်း ပြည်နယ်ယဉ်ကျေးမှုအဖွဲ့များထံမှ သိရသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...