ဆိုင်ကယ်တိုက်ပြီး ရဲသေဆုံးမှုအတွက် ရွာသားခြောက်ဉီးအား ဖမ်းဆီး

ဆိုင်ကယ်တိုက်ပြီး ရဲသေဆုံးမှုအတွက် ရွာသားခြောက်ဉီးအား ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်း ရဲတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံးမှုအား PDF လက်ချက်ဟုစွပ်စွဲကာ အနီးပတ်ဝန်းကျင်က ဒေသခံရွာသား ၆ ဦးကို ဖမ်းဆီးစစ်နေသည်။

အောက်တိုဘာ ၁၁ ရက်နေ့က မောင်းထောင်ကျေးရွာအနီး စစ်ကောင်စီရဲတပ်ဖွဲ့၏ ဆိုင်ကယ်အုပ်စုကို အမည်မသိ ဆိုင်ကယ်သမားတစ်ဦးက နောက်မှဝင်တိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့်နောက် ယခုကဲ့သို့ ဒေသခံရွာသားများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"မောင်းထောင်ရွာမှာ PDF တပ်သားတွေရှိတယ်ဆိုပြီး ခေါ်စစ်နေတာ။ ပြန်လွတ်မလာကြသေးဘူး ရွာနီးချုပ်စပ်ကသူတွေပါ ဖမ်းတာဆိုတော့ ၆ ဦး လောက်ရှိမယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီးနောက် ရဲတစ်ဦးသေပြီးနောက် တိုက်သွားသူမှာ PDF ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ခေါင်းဆောင်က ပြောဆိုပြီးနောက်  ရွာသား ၆ ယောက်ကို အောက်တိုဘာလ ၁၂ ရက်နေ့ ဖမ်းဆီးသွားပြီးနောက် စစ်ဆေးနေသည်ဟု ဒေသခံအချို့က ပြောသည်။

ဖြစ်စဉ်မှာ အခြားသောရဲများ ရှိနေသည့်အကြားတွင် ရှေ့မှသွားနေသော ရဲဆိုင်ကယ်အား နောက်မှ ဆိုင်ကယ်ဖြင့် ဝင်တိုက်ခြင်းဖြစ်သည်ဟု ရဲများက ရွာသားများကို ပြောသည်။

မောင်းထောင်ကျေးရွာအုပ်စုတွင် လာရောက်စစ်ဆေးသည့် ရဲဆိုင်ကယ်အုပ်စုမှ ရဲအများစုက အရက်မူးနေကြသည်ဟု ဒေသခံများက ပြောသည်။

ထိုရဲဆိုင်ကယ်အုပ်စုသည် အောက်တိုဘာလ ၁၁ ရက်နေ့က မောင်းထောင်ကျေးရွာအုပ်စုမှအပြန် မောင်းထောင်ရွာထိပ်၊ ပျဉ်းမကုန်းလမ်းမကြီးပေါ်တွင် ရဲတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံးသွားသည်ဆိုသည့်သတင်း ထွက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...