သတင်းပေးဆိုသူတစ်ဦး ပုသိမ်တွင် ပစ်သတ်ခံရ

သတင်းပေးဆိုသူတစ်ဦး ပုသိမ်တွင် ပစ်သတ်ခံရ

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီခန့်က ပစ်သတ်ခံ လိုက်ရသည်။

အမှတ် ၈ ရပ်ကွက် မငြိမ်းလှကုန်းရပ်တွင် နေထိုင်သူ အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဦးအောင်စိုးဆိုသူကို အမည်မသိ သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"သေနတ်သံ သုံးချက်ကြားရတယ်။ နောက် ဆိုင်ကယ်တစ်စီး မောင်းထွက်သွားတယ်။ ရပ်ကွက်ထဲကလူတွေ သွားကြည့်တော့ ကိုအောင်စိုးက သွေးတွေနဲ့ လဲနေတယ်၊ လဲကျနေတဲ့ နေရာမှာပဲ ပွဲချင်းပြီးသေတယ်" ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်စိုးသည် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့များနှင့်ပေါင်းကာ ရပ်ကွက်တွင်း နေထိုင်သူများကို အနိုင်ကျင့်တတ်သူဖြစ်ကြောင်း ၎င်း၏ သတင်းပေးမှုကြောင့်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူအချို့ အဖမ်းခံထားရသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူအချို့က ပြောသည်။

အသက် ၅၀ နှစ်အရွယ် မြို့ခံ ဦးရဲဝင်းက "PDF တွေက သူတို့ရှင်းလိုက်တယ်လို့ ထုတ်ပြန်ထားတယ်။ ဝန်ခံထားတယ်။ ဒါပေမယ့် စစ်တပ်နဲ့ ရဲက မဆိုင်သူလည်း ဖမ်းကြတော့ ရပ်ကွက်ထဲမှာ စိုးရိမ်နေကြတယ်" ဟု ပြောသည်။

ပုသိမ်မြို့ ပြောက်ကျားတပ်ဖွဲ့ (PSTF) ကလည်း တော်လှန်ရေးအတွက် အောင်စိုးကို ရှင်းလင်းသုတ်သင်ခဲ့သည်ဟု အောက်တိုဘာ ၁၄ ရက်နေ့ ညမှာပင် သတင်းထုတ်ပြန်ခဲ့သည်။

ပုသိမ်မြို့တွင် စစ်ကောင်စီသတင်းပေး ဦးအောင်စီုး ပစ်သတ်ခံရမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က ပုသိမ်မြို့ တစ်ဘက်ကမ်းက ဒလန်ဟု လူပြောများနေသူ ကြံခိုင်ရေးပါတီ မြို့နယ်စည်းရုံးမှူး ဦးကျော်သိန်းထွန်း ပစ်ခတ်ခံခဲ့ရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...