မန်လွယ်ကျေးရွာတွင် TNLA နှင့် ဆက်သွယ်သူ ရွာတွင်းထွက်ခွာရ

မန်လွယ်ကျေးရွာတွင် TNLA နှင့် ဆက်သွယ်သူ ရွာတွင်းထွက်ခွာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် TNLA နှင့် အဆက်အသွယ် လုပ်သူများကို ရွာတွင်းမှထွက်ခွာသွားရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ပြောဆိုကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ (၈) နှင့် (၉) ရက်တွင် TNLA ကိုသတင်းပေးသူဟုထင်ရသည့် မန်လွယ်ကျေးရွာဒေသခံ မိသားစု (၂) စုသည် ရွာအတွင်းမှာ ပြောင်းရွှေသွားခဲ့ရကြောင်း မန်လွယ်ကျေးရွာဒေသခံများပြောပြချက်အရ သိရသည်။

“သူတို့က TNLA ကိုသတင်းပေးဆိုပြီး‌တော့ ထွက်သွားခိုင်းတာ။ ထွက်သွားရတဲ့သူတွေက မိသားစု (၂) စုလောက်ရှိပြီး။ ‌ဘယ်နားသွားနေလဲတော့ ကျနော်တို့လည်း အတိကျမသိဘူး” ဟု မန်လွယ်ကျေးရွာခံ သျှမ်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာအတွင်းမှ ထွက်ခွာသွားရသည့်သူများသည် လက်ရှိတွင် ကျောက်မဲမြို့တို့ သွားရောက်နေထိုင်နေလျက်ရှိကြောင်း သီပေါမြို့ဒေသခံ အသက် (၄၀) ကျော် အမည်မဖော်လိုသည့် သျှမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကျောက်မဲမှာ သွားနေပြီးလို့ကြားတယ်။ ဒါပေမယ့် ဘယ်နားမှာသွားနေလဲတော့ မသိရဘူး။ ဘယ်လိုခြေအနေရှိနေလဲတော့ ကျမတို့ အသေးစိတ်မသိရဘူး။ ရွာကနေတော့ ပစ္စည်းတွေ သယ်လာကြတယ်တဲ့” သီပေါမြို့ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

သီပေါမြို့နယ် မန်လွယ်ကျေးရွာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း မကြာခဏ ထိတွေ့သည့် နေရာဒေသတခုဖြစ်သည်။

“ရွာထဲမှာ တိုက်ပွဲလာမဖြစ်စေချင်လို့ထင်တယ်။ အဲကြောင့် စစ်တပ်က နှင်ထုတ်လိုက်တာထင်တယ်။ အဲ့နေရာမှာ TNLA သတင်းပေးရှိရင် ပြဿနာ တခုခုဖြစ်မှာကြောက်လို့နေမယ်” ဟု မန်လွယ်ကျေးရွာဒေသခံ သျှမ်းအမျိုးသားတဦးက ပြောသည်။

သီပေါမြို့နယ်တွင်းတွင် သျှမ်းပြည်ပြန်ည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က သွားလာလှုပ်ရှာနေသည့် ဒေသဖြစ်သည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...