မုံးကိုး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ် အရပ်သား (၆) ဦး လက်နက်ကြီးထိ

မုံးကိုး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ် အရပ်သား (၆) ဦး လက်နက်ကြီးထိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား (၆) ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၁၂) ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖော်ဂျုံးပါကျေးရွာအတွင်း လက်နက်ကြီးကျည်ကျပြီး ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

“၆ ယောက်ထဲက (၃) ယောက်တော့ မုံးကိုးဆေးရုံမှာပဲ ထားတယ်။ ထပ် (၃) ယောက်တော့ မူဆယ်ဆေးရုံကို ပြောင်းထားတယ်။ အခြေအနေ နည်းနည်းစိုးရိမ်ရလို့။ တစ်ယောက်က သတိမလည်သေးလို့ ဒီနေ့ပဲ မန္တလေးဆေးရုံကို လွဲထားတယ်လို့ကြားတယ်” ဟု မုံးကိုးဒေသခံတစ်ဦးကပြောသည်။

ထို ထိခိုက်ဒဏ်ရာရသူများအနက် အသက် (၂) နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ တိုက်ပွဲက ပြင်းထန်နေပြီး စစ်ရှောင်တွေလည်း ထွက်ပြေးကြရတယ်” ဟု မုံးကိုးဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံ (၄၀၀) ကျော် တရုတ်–မြန်မာ နယ်စပ်အနီးရှိ လယ်ကွင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

သြဂုတ်လကုန်ပိုင်းမှာလည်း MNDAA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် ဒေသခံ (၆၀၀) ကျော်သည် ထွက်ပြေးခဲ့ရပြီး လက်ရှိချိန်ထိ မုံးကိုးမြို့ပေါ်ရှိ ကချင်အသင်းတော်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လီဆူဘုရားကျောင်းတို့မှာ ယခုထက်ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...