ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု နိုဝင်ဘာလအတွင်း အပြီးစစ်မည်

ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု နိုဝင်ဘာလအတွင်း အပြီးစစ်မည်

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းတို့ အမှုကို နိုဝင်ဘာလအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ လှုံဆော်တာ၊ စစ်အာဏာရှင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို သထုံမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင် အမိန့်ချမှတ်ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုအတွက် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို စတင်စစ်ဆေးနေပြီးလို့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူတို့ကို ၂ လကျော်အကြာ ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ စက်တင်ဘာ တတိယအပတ်ကမှစပြီး ပြန်လည်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ စစ်ကောင်စီက ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...