ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု နိုဝင်ဘာလအတွင်း အပြီးစစ်မည်

ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု နိုဝင်ဘာလအတွင်း အပြီးစစ်မည်

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းတို့ အမှုကို နိုဝင်ဘာလအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ လှုံဆော်တာ၊ စစ်အာဏာရှင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို သထုံမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင် အမိန့်ချမှတ်ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုအတွက် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို စတင်စစ်ဆေးနေပြီးလို့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူတို့ကို ၂ လကျော်အကြာ ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ စက်တင်ဘာ တတိယအပတ်ကမှစပြီး ပြန်လည်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ စစ်ကောင်စီက ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။

 
 

 

 

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...