မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူရုံး ဗုံးပေါက်

မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူရုံး ဗုံးပေါက်

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် (ဟင်္သာအဝိုင်းအနီး) ရှိ ပြည်နယ်ရဲတပ်ဖွဲ့အကူတပ်ခွဲရုဲးမှာ အောက်တိုဘာလ ၁၁ ရက် ညနေ ၆ နာရီအချိန်ခန့်ကဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး (MPDF-V) က PDO-MLM နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဗုံးဖောက်ခွဲမှုဟာ ရဲဝန်ထမ်းတွေ CDM လုပ်ဆောင်ဖို့  ပြည်သူ့ဘက်က ရပ်တည်လိုသူ‌တွေကို ဖိတ်ခေါ်ခြင်းဖြစ်ပြီး၊ စစ်ကောင်စီအလိုကျ ကြိုးဆွဲရာကနေတဲ့ အာဏာရှင်တစ်စုအား အချိန်မရွေးအသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း သတိပေးခြင်းဖြစ်တယ်လို့ သတိပေးထားပါတယ်။

“ညနေ (၆) နာရီဝန်းကျင်လောက်မှာ ပြည်နယ်ရဲအကူတပ်ခွဲဘက်ကနေ ပေါက်ကွဲသံကြားရတယ်။ ထိခိုက်ပျက်ဆီးတွေတော့မသိရဘူး” လို့ မြိုင်သာယာရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...