တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်းခပေးဆောင်ခိုင်း

တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်းခပေးဆောင်ခိုင်း
တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်
တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်းတွင် ယာယီ ပျံကျဈေးဆိုင်ခန်းများကို စစ်ကောက်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာနက ဆိုင်ခန်းခ ကောက်ခံမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်းတွင်ရှိသည် ယာယီပျံကျဈေးဆိုင်တန်းသည် ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြင့်တက်လာမှုကြောင့် တန့်ယန်းမြိုု့မ ဈေးမှ ခွဲထွက်လာရောက်ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးဆိုင်တန်းများ ဖြစ်ပြီး၊ ယခင်တွင် ဆိုင်ခန်းခကောက်ခန်မှု မရှိဘဲ ဈေးရောင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီ တက်လာပြီးနောက် ထိုယာယီပျံကျဈေးဆိုင်တန်းကို ဖျက်သိမ်းကာ အရင်ပုံစံအတိုင်းပင် အသစ်ပြန်ဆောက်ပြီး တခန်းလျှင် ကျပ်ငွေ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး၊ တရက်လျှင် အခန်းခ (၂၀၀) ကျပ်ပါ ထပ်မံပေးဆောင်ရမည်ဟု တန့်ယန်းဒေသခံများ ပြောပြချက်အရ သိရသည်။

“သူတို့ ဟိုအရင်ကလုပ်ထားတဲ့ဟာကို ပြန်ဖျတ်ပြီးတော့ အခုက အသစ်ပြန်ဆောက်ခိုင်းတာ။ ပုံစံကလည်း ဝါးနဲ့ပဲ ပြန်ဆောက်ထားတာ။ အဲအသစ်ခန်းကို တခန်း ၃ သောင်းနဲ့ ပြန်ရောင်းမယ်။ တရက်ကိုက အခွန်ခ (၂) ရာကျပ်ပါ‌ဆောင်ရမယ်တဲ့။ တစ်ခန်းကို ၈ ပေလောက်ထိအကျယ်သူတို့ပြန်ဆောက်နေတာ” ဟု တန့်ယန်းမြို့ဈေးတွင် ဆောက်လုပ်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထိုယာယီပျံကျဈေးဆိုင်ခန်းများတွင် တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချလေ့ရှိသည့် ဈေးဆိုင်များဖြစ်ပြီး၊ လက်ရှိကာလမှာ အခက်အခဲမျိုးစုံကြုံနေရသည့်အချိန်တွင် ဆိုင်းခန်းခ ဈေးနှုန်းကောက်ခံမှုပြုလုပ်မည်ဆိုပါက ဈေးသည်များအတွက် အခက်အခဲဖြစ်ကြောင်းလည်း တန့်ယန့် ယာယီပျံကျဈေးတွင် ဈေးရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက သူတို့ ဆောက်ပြီး (၃) သောင်းနဲ့ပြန်ရောင်းမယ်ဆိုတော့ မဝယ်နိုင်ဘူး။ အဲဈေးက ရွာတွေဘက်ကလူလည်း လာရောင်းတယ်။ ပြီးတော့ အရင်က အခန်းဆို ၃၀ ပေလောက်ရှိထားတယ်လေ။ အခုက တခန်းကို ၆ ပေလောက်ပဲ ပေးတော့မယ်ဆို‌တော့ တချို့ ကုန်သည်ဆိုင်တွေအတွက်တော့ ခက်ခဲတာတွေ အများကြီးရှိတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ထိုပျံကျဈေးနေရာသည် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက ပိုးကူးမှု မပျံပွားစေရန်အတွက် အရပ်သားအစိုးရ NLD လက်ထက်က သွားရောင်းခွင့်ပြုခဲ့နေရာဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...