ကုန်ကားအများအပြားများ ရပ်နားထားရ

ကုန်ကားအများအပြားများ ရပ်နားထားရ

ဆီဈေးတက်ပြီး ကုန်မရသဖြင့် ကုန်တင်ကားအများအပြား ရပ်ထားရသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင်များက ပြောသည်။

စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ ကုန်စည်စီးဆင်းလည်ပတ်မှု နည်းနေခြင်းကြောင့် ကုန်ကားအစီး ၁၀၀၀ ခန့်ရှိလျှင် အစီး ၅၀၀ ခန့်သာ ထွက်နိုင်ပြီး ကုန်ရရှိမှုလည်း အသွားရလျှင် အပြန်မရသည့်အတွက် ကုန်ကျစရိတ်နှင့် မကိုက်ကြောင်း အင်းတကော်မြို့နယ်က ကုန်ကား ၁၀ စီးခန့်ပိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အုံနာအတွက်မပြောနဲ့ တာယာထည့်ဖို့ အင်ဂျင်ဝိုင်ထည့်ဖို့ ကားကြံ့ခိုင်မှုအတွက်တောင် မကျန်လို့မလို့ ရပ်ထားရတာ။ ဘယ်လိုမှမကိုက်လို့” ဟု အင်းကတော် က ကုန်ကား ၁၀ စီးခန့် ပိုင်သည့်လုပ်ငန်းရှင် က ပြောသည်။

စက်သုံးဆီစျေးနှုန်းမြင့်တက်နေသည့်အပြင် ကုန်စည်ရှားပါမှုကြောင့် ထွက်ကားထက်ဝက်ခန့်မှာ ကုန်ရရှိမှုနည်းနေပြီး ကုန်သည်ပေးသည့်ဈေး၊ ဂိတ်ကပေးသည့် ဈေးများဖြင့်သာ ထွက်နေရ၍ လက်ရှိဆီဈေးနှုန်း နှင့်ဆိုပါက တွက်ခြေမကိုက်တော့ကြောင်း အဆိုပါလုပ်ငန်းရှင်က ဆက်ပြောသည်။

လက်ရှိ ရန်ကုန်-တောင်ကြီး ကုန်တစ်တန်လျှင် ကျပ် ၁၇၀၀၀ မှ ကျပ် ၁၉၀၀၀ အထိသာရရှိပြီး ရန်ကုန်-မန္တလေး လမ်းကြောင်းတွင် ကုန်တစ်တန်လျှင် ကျပ် ၁၆၀၀၀ မှ ကျပ် ၁၈၀၀၀ ကြားသာရရှိသည်ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျနော်တို့ ကားတွေဆို ရန်ကုန်-မန္တလေး၊ ရန်ကုန်-တောင်ကြီး ထွက်ဖို့ ကုန်ကိုမရှိဘူး။ ကုန်မရမချင်း စောင့်မယ်ဆိုရင်တော့ စောင့်ပေတော့ပဲ” ဟု အဆိုပါ ကုန်တင်ယာဉ်မောင်းက ပြောသည်။

ယခင်က သီးတင်းကျွတ် ပွင့်လင်းရာသီအချိန် ရောက်ရှိလာပါက ခရီးစဉ်တစ်ခုလျှင် ကုန်ရရှိရန် တစ်ညအိပ်သာစောင့်ရပြီး ယခုလက်ရှိအချိန်တွင် လေး၊ ငါးရက်ခန့်စောင့်လျှင်ပင် ကုန်မရရှိဘူးဟု ကုန်တင်ယာဉ်ပိုင်ရှင်အချို့က ဆိုသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...