PDF သတင်းမှားကြောင့် ကော့သောင်းရှိ ရော်ဘာဒိုင်တစ်ခုကို စစ်ကောင်စီ ဝင်စီး၊ တစ်ဦးသေ

PDF သတင်းမှားကြောင့် ကော့သောင်းရှိ ရော်ဘာဒိုင်တစ်ခုကို စစ်ကောင်စီ ဝင်စီး၊ တစ်ဦးသေ

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းရှိ ရော်ဘာဒိုင်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်ဝင်ရောက်စီးနင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးပြီး အချို့ပျောက်ဆုံးနေသည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ လုံးဖောကျေးရွာက ရော်ဘာဒိုင်သို့ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော် အချိန်ခန့်တွင် စစ်ကားရှစ်စီးရောက်ရှိလာပြီး ခြောက်စီးက လုံးဖောကျေးရွာကို ပတ်ဝိုင်းထားခဲ့သည်ဟု ကျေးရွာအတွင်းရှိ အသက် ၅၀ အရွယ်ခန့်ရှိသည့် ဒေသခံရွာသားတစ်ဦးက ပြောသည်။

“အလောင်းက တစ်လောင်းပဲတွေ့ပေမယ့် ပါချန်မြစ်ထဲ ခုန်ဆင်းပြေးသွားတဲ့ သူတွေလည်းရှိတယ်။ အခုထိ ပျောက်နေတဲ့သူတွေလည်းရှိတယ်" ဟု အဆိုပါရွာသားက ပြောသည်။

ရာဘာဒိုင်ထံတွင် ညဆိုင်း အလုပ်ဆင်းသည့် အလုပ်သမား သုံးဆယ်နီးပါးခန့်ရှိ စစ်ကားများ ရုတ်တရက် ရောက်လာ၍ ကြောက်လန့်ပြီး ထွက်ပြေးကြသည်ကို စစ်တပ်က ပစ်ခတ်ခြင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းမြင်တွေ့ခဲ့ရသည် ကို ပြောပြာသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပျူစောထီးဟုခေါ်ကြသည့် ပြည်သူ့စစ်အဖွဲ့၏ နေအိမ်ကို ပစ်ခတ်ခဲ့သည့် PDF များသည် လုံးဖောကျေးရွာတွင် လာရောက်ခိုလှုံနေကြောင်း ဒလန်တစ်ဦးက သတင်းအမှားပေးလိုက်သည့်အတွက် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ပစ်ခတ်ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ဆိုသည်။

ထိုပစ်ခတ်မှုအပြီး နံနက်ပိုင်း တစ်နာရီအချိန်ခန့်တွင် အလုပ်သမား နှစ်ဆယ်နီးပါးလောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

လုံးဖောကျေးရွာသည် ထိုင်း-မြန်မာ နယ်ခြားမြစ် ဖြစ်သည့် ပါချန်မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ရော်ဘာစိုက် ပျိုးရေးနှင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...