ဧရာဝတီတိုင်း လဝကဝန်ထမ်းသစ်များ အစားထိုးခန့်

ဧရာဝတီတိုင်း လဝကဝန်ထမ်းသစ်များ အစားထိုးခန့်

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ (CDM) ပြုလုပ်ထားသည့် ဝန်ထမ်း ၁၂၅ ဦး နေရာတွင် ဝန်ထမ်းအသစ်များကို အောက်တိုဘာလ ပထမအပတ်အတွင်းက အစားထိုးခန့်လိုက်သည်။

အာဏာသိမ်းမှု ဆန်ကျင်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားသည့် လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ၁၂၅ ဦးနေရာတွင် စစ်ကောင်စီက ဝန်ထမ်းအသစ်များကို အစားထိုးခန့်လိုက်ပြီဖြစ်ကြောင်း ယင်းဌာန၏ ဝန်ထမ်းခန့်ထားခြင်း ညွှန်ကြားစာအရ သိရသည်။

အစားထိုး ခန့်အပ်လိုက်သည့် ညွှန်ကြားစာကို သက်ဆိုင်ရာရုံး၏ရှေ့တွင် ကပ်ထားပြီး ဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးက ရာထူးခန့်အပ်ကြောင်း ဖော်ပြပါရှိသည်။

“အရင်က နေ့စားသမားတွေကို ရာထူးပေးခန့်တာရော အသစ်တွေရော ပါတယ်” ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင် ယင်းဌာန၏ CDM ဝန်ထမ်းဦးရေ ၂၀၀ နီးပါးခန့်ရှိသည့် အနက် အယောက် ၅၀ ခန့်သည့် စစ်ကောင်စီလက်အောက်သို့ အလုပ်ပြန်ဝင်သွားကြကြောင်း ယင်းဌာနအတွင်းက CDM ဝန်ထမ်းအချို့က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပညာရေး၊ စည်ပင်သာယာ၊ သမဝါမ၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးနှင့် သစ်တော စသည့် ဌာနများတွင်လည်း CDM ဝန်ထမ်းများ၏ ရာထူး နေရာများတွင် ဝန်ထမ်းအသစ်များ ခန့်ထားပြီးဖြစ်ကြောင်း သိရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...