ပေါင်မြို့နယ်က နေအိမ်တချို့ကို စစ်ကောင်စီ မီးစဖြတ်

ပေါင်မြို့နယ်က နေအိမ်တချို့ကို စစ်ကောင်စီ မီးစဖြတ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ မီတာခ မပေး‌တဲ့ နေအိမ်တွေကို အခုရက်ပိုင်းတွေမှာ မီးလိုင်းဖြတ်တောက်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလမှ စတင်ပြီး မီတာခပေးသွင်းထားခြင်း မရှိတဲ့ နေအိမ်‌တွေနဲ့ မီတာခ တစ်သိန်းအထက်ကြွေးကျန်ရှိတဲ့ နေအိမ်‌တွေကို လျှပ်စစ်မီးဖြတ်တောက်လာတာ ဖြစ်ပါတယ်။

"လွန်ခဲ့တဲ့ နှစ်ရက်က အိမ်မှာ မီးမလာဘူး၊ မီးပျက်နေတာထင်တာပေါ့၊ နောက်မှသိရတယ်၊ ဘေးအိမ် ၃ အိမ်ကိုလည်း မီးဖြတ်ထားတယ်၊ မီတာခမသွင်းလို့ ဖြတ်တာလို့ပြောတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကို ရက်စက်စွာသတ်ဖြတ်နေတဲ့ စစ်တပ်ကို အားမပေးနိုင်ဘူး၊ မီးခွက်နဲ့နေမယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးဖြတ်တောက်မယ့် နေအိမ်‌တွေကို စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနမှ စာရင်းပြုစုပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမီးလင်းရေးကော်မတီမှတဆင့် အသိပေးအကြောင်းကြားလာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က‌ အိမ်သုံးမီတာတွေကို အခမဲ့ ကင်းလွတ်ခွင့်ပေးထားပြီး စစ်ကောင်စီကတော့ ပြည်သူတွေကို မီတာခပေးဆောင်ဖို့ ဆက်တိုက်ဖိအားနေတာ ဖြစ်ပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...