သူနာပြုနှင့်သားဖွား နောက်ဆုံးနှစ် ကျောင်းသူများအား ကျောင်းပြန်တက်ရန် အာဏာပိုင်များက အတင်းတိုက်တွန်း

သူနာပြုနှင့်သားဖွား နောက်ဆုံးနှစ် ကျောင်းသူများအား ကျောင်းပြန်တက်ရန် အာဏာပိုင်များက အတင်းတိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ နောက်ဆုံးနှစ်ကျောင်းသူများအား တာဝန်ရှိသူများက မဖြစ်မနေ ကျောင်းပြန်တက်ရန် ဖုန်းဆက်ခေါ်နေသည်ဟု သင်တန်းသူများက ပြောသည်။

တစ်ပတ်ခန့် ကျောင်းပြန်တက်ပြီးနောက် စာမေးပွဲဖြေဆိုရန် သင်တန်းနောက်ဆုံး နှစ်ကျောင်းသူများကို ဖုန်းဆက်၍ အကြောင်းကြားထားကြောင်း ပုသိမ်မြို့က သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တာဝန်ရှိသူက ပြောသည်။

"အောက်တိုဘာလထဲမှာ ကျောင်းပြန်ဖွင့်မယ်။ လာတက်ရမယ်။ တစ်လအတွင်း စာမေးပွဲဖြေရမယ်။ မဖြစ်မနေတက်ဖို့ ဖုန်းနဲ့ပြောတယ်" ဟု သူနာပြုသင်တန်းသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် ကျောင်းဆက်တက်ပြီး တာဝန်မထမ်းဆောင်လိုသူအချို့က ဖုန်းနံပါတ်များကို ပြောင်းကိုင်ထားကြပြီး ကျောင်းတာဝန်ရှိသူများနှင့် အဆက်အသွယ်ဖြတ်တောက်ထားကြောင်း ယင်းသင်တန်းကျောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့ထံမှ သိရသည်။

ကျောင်းပြန်မတက်ဘဲ CDM ဆက်လုပ်မည့် ကျောင်းသူများက အများစုဖြစ်ပြီး စစ်ကောင်စီနှင့်နီးစပ်သည့် အသိုင်းအဝန်းက ကျောင်းသူအချို့သာ ကျောင်းပြန်တက်ကြရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် CDM လုပ်နေသူ နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက "အာဏာရှင်ရဲ့လက်အောက်မှာ အနာဂတ်မရှိဘူး။ မလုံခြုံဘူး။ အာမခံချက်မရှိဘူး။ ဒါကြောင့် ကျမတို့အနာဂတ်အတွက် ဆက်ပြီး CDM လုပ်မယ်" ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနအောက်မှ ဝန်ထမ်းအများအပြားမှာ လူထုအာဏာဖီဆန်မှုအနေဖြင့် အလုပ်ဆက်မလုပ်ပဲ သပိတ်မှောက်ကြသည်။

ထိုသူများနေရာတွင် လူသစ်များအစားထိုးရန် စစ်ကောင်စီက အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သူနာပြုနှင့် သားဖွားသင်တန်းမှ ကျောင်းသူများသည် စစ်တပ်အာဏာပြီးနောက် ပုသိမ်ဆေးရုံအုပ်ကြီး၊ ပင်းတယမီးအိမ်ရှင်တို့နှင့်အတူ ဧရာဝတီတိုင်းတွင် အစောဆုံး CDM ပြုလုပ်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် သင်တန်းကျောင်းလည်းဖြစ်သည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...