ငရုတ်ကောင်းမြို့သို့ သင်တန်းတက်ရန်သွားသူနှစ်ဦး သတ်ခံရ

ငရုတ်ကောင်းမြို့သို့ သင်တန်းတက်ရန်သွားသူနှစ်ဦး သတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း ပျူစောထီးသင်တန်းတက်ရန် သွားသူနှစ်ဦး ဓါတ်ခုတ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

သဲဖြူကျေးရွာနေ အသက် ၄၀ ကျော်ဝန်းကျင်ရှိ ဦးဆန်းတင့်နှင့် ဦးတင့်ထူးတို့ ပျူစောထီး စစ်သင်တန်းတက်ရန် ကျေးရွာမှ ပျောက်သွားပြီး ၃ ပတ်ခန့်အကြာတွင် ဓားခုတ်ခံရသည့်ဒဏ်ရာများဖြင့် ကမ်းစပ်တွင် သေဆုံးနေသည်ကို ဒေသခံအချို့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုလ အောက်တိုဘာလ ၂ ရက်နေ့က ကမ်းစပ်တွင် လာတင်နေသည့် အလောင်း ၂ လောင်းကို စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးပြီးနောက် တာဝန်ရှိသူများက အသတ်ခံရသူမှာ ပျောက်ဆုံးနေသူနှစ်ဦးဖြစ်ကြောင်း အကြောင်းကြားလာသည်ဟု ငရုတ်ကောင်းမြို့ အုပ်ချုပ်အဖွဲ့ဝင်အချို့က ပြောသည်။

"နှစ်ယောက်စလုံးက စစ်တပ်အာဏာသိမ်းတာ ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို ရဲစခန်း တိုက်ရိုက်သတင်းပေးနေတာပါ။ သူတို့ကြောင့် အဖမ်းခံရတာ မနည်းဘူး" ဟု သဲဖြူကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဦးဆန်းတင့်နှင့် ဦးတင့်ထူးတို့နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ သဲဖြူကျေးရွာနှင့် ကနစိုးကုန်းကျေးရွာတို့တွင် စစ်ကောင်စီတပ်က (တပ်စုတစ်စု) အင်အား ၃၀ ခန့်ဖြင့် လာရောက်စစ်ဆေးနေသည်ဟု သဲဖြူကျေးရွာက အဆိုပါဒေသခံက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်ခံတပ်ဖွဲ့များက ပုသိမ်၊ သာပေါင်း၊ ငပုတော မြို့နယ်များရှိ ကမ်းခြေဒေသများမှ တောတောင်များအတွင်း၌ PDF များ ရှိနေသည်ယူဆကာ စစ်ကြောင်းထိုး၍ ရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...