အလယ်တောရဲစခန်း စီးနင်းခံရ

အလယ်တောရဲစခန်း စီးနင်းခံရ

စစ်ကိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ အလယ်တောရဲစခန်း အောက်တိုဘာလ ၃ ရက်နေ့၊ ညက ဝင်ရောက်စီးနင်း မီးရှို့ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ (ယမန်နေ့) ည ၈ နာရီကျော်အချိန်ခန့်တွင် သေနတ်ပစ်သံများ စတင်ကြားရပြီး အလယ်တောရဲစခန်း မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ “အုန်းအုန်းနဲ့ လေးချက်လောက်တော့ ကြားရတယ်။ ရဲတွေက ပြန်ပစ်သံတော့ မကြားရဘူး“ ဒေသခံတစ်ဦးက ဆက်ပြောသည်။

ထွက်ပေါ်လာသည့် သေနတ်သံသည် တိုက်ပွဲဖြစ်နေသည့် အသံမျိုးမဟုတ်ဘဲ တဘက်တည်းကပစ်နေသည့် အသံမျိုးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၃ ရက် ည ၈ နာရီကျော်အချိန်ခန့်တွင် အလယ်တောကျေးရွာရဲစခန်းကို မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း တိုက်ပွဲထိတွေ့ဖြစ်ပွားခြင်းမျိုးမရှိကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက်သတင်းဌာနကို ပြောသည်။

နံနက် ၄ နာရီအချိန်ခန့်တွင် ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းအား လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ် သတိပေးခဲ့ကြောင်း အဆိုပါ ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ထီးချိုင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အားလုံးနီပါးလည်း တာဝန်မှ အသီးသီး နုတ်ထွက်ထားပြီးဖြစ်ကြောင်းနှင့် CDM ရဲတပ်သား ၂၀ ခန့်ကိုလည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့က လက်ခံထားကြောင်း ၎င်းက ဆက်ပြောသည်။

လက်နက်ကြီးများကျချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို မတွေ့ရဘဲ ညနေပိုင်းကျမှသာ ခရီးသွားလာနေသူများနှင့် ဖြတ်သွားဖြတ်လာပြည်သူများကို စစ်ဆေးမှုများပြုလုပ်ကြောင်း ထီချိုင့်မြို့က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...