စစ်ကောင်စီတပ်ဖွဲ့များ KNU နယ်မြေအတွင်း ဝင်ရောက်လာ၊ ဒေသခံတချို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေ

စစ်ကောင်စီတပ်ဖွဲ့များ KNU နယ်မြေအတွင်း ဝင်ရောက်လာ၊ ဒေသခံတချို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ပုလောမြို့နယ် သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး ကျေးရွာနေဒေသခံတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့် သာယာကုန်းကျေးရွာသို့ ရောက်ရှိလာကြပြီး ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟူသည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့က ကာကွယ်ဆေးထိုးပေးမယ်ဆိုပြီး ဝင်လာတာ။ ဒီသာယာကုန်းလမ်းက ဖြောင့်ဖြောင့်တက်လာတာ စစ်ကားနှစ်စီးက။ ရွာသား ၃ ယောက်ကို ဖမ်းခေါ်ထားတယ်။ ရေရှည်နဲ့ သာယာကုန်း အဲ့နှစ်ရွာက ရွာသားတွေ။ ဒါကလည်း ဒလန်တွေကြောင့်ပါပဲ။ PDF တွေ ဘယ်မှာရှိလဲ၊ KNU နဲ့ နီးစပ်မှုတွေ ဘယ်လိုရှိလဲဆိုပြီး မေးတယ်လို့ ကြားတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ပဝတ်ကုန်းကျေးရွာဘက်မှလည်း စစ်ကား ၃ စီး ထပ်တက်လာပြီး KNU နယ်မြေအတွင်းဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်းနှင့် ဒေသခံကျေးရွာသားတချို့လည်း ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြပြီးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အခြေအနေပေါ်မူတည်ပြီး တိုက်ပွဲက ဖြစ်ဖို့များတယ်။ KNU ဘက်ကတော့ ရွာထဲမှာမို့လို့ မပစ်ချင်ဘူးပြောတယ်။ ရွာသားတွေကို ဒုက္ခမဖြစ်စေချင်လို့တဲ့။ ဒါပေမဲ့ ထပ်ကျူးကျော်လာရင်တော့ တိုက်ပွဲဖြစ်ဖို့ များပါတယ်” ဟု အဆိုပါဒေသခံက ဖြည့်စွက်ပြောသည်။

အဆိုပါ ကေအဲန်ယူနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခြေလျင်တပ်ရင်း ခလရ (၂၈၅) တပ်ရင်းဖြစ်သည်ဟု ဒေသခံတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရှိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...