KNU တပ်မဟာ ၅ နယ်မြေတွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးကျဆုံးပြီး ၃၀ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၅ နယ်မြေတွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးကျဆုံးပြီး ၃၀ ဦး ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅နယ်မြေတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂၃ ဦးကျဆုံးကာ ၃၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ယနေ့ (အောက်တိုဘာလ ၃ ရက်) သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပစ်ခတ်မှုမှာ ကေအဲန်ယူ တပ်မဟာ ၅ ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၀၂ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၄၀၈) တို့အကြား ဖြစ်သည်။

စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရရှိသူများထဲတွင် တပ်ရင်းမှူးအဆင့် ၂ ဦးပါဝင်ခဲ့ပြီး ကေအဲန်ယူ တပ်မဟာ ၅ ဘက်က ထိခိုက်ကျဆုံးခြင်းမရှိကြောင်းလည်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

လက်ရှိ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေထဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်အင်အားအများအပြား ဖြည့်တင်းလာသည့်အတွက် နယ်မြေခံ ကေအဲန်ယူတပ်ဖွဲ့များနှင့် နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလျက်ရှိသည်ဟု ကေအဲန်ယူဘက်က ပြောသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...