မြန်အောင်မြို့နယ်တွင် သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

မြန်အောင်မြို့နယ်တွင် သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီ၏သတင်းပေးဟုဆိုကာ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

 

အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၅ နာရီခွဲဝန်းကျင်ခန့်က အသက် ၄၀ ကျော်ခန့်ရှိ သပြေကုန်းရွာသား ဦးဝင်းမြင့်အောင် (ခေါ်) ဂျပ်ကြီးဆိုသူက ဆိုင်ကယ်စီးလာစဉ် သပြေကုန်းတိုက်နယ်ဈေးအနီးတွင် သေနတ်သမားတစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ စစ်တပ်နှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"သူကအရင်ကတည်းက ရဲသတင်းပေး သပြေကုန်းရဲစခန်းကို မီးပုလင်းနဲ့ ပစ်မယ်ဆိုတဲ့ကိစ္စမှာ သူပဲသတင်းပေးလို့ မဆိုင်သူတွေ တပ်ရဲ့ဖမ်းဆီးတာ နှိပ်စက်တာခံနေရတယ်" ဟု ဒေသခံ ဦးကြီးလေးက ရှင်းပြသည်။

သေနတ်ကျည်သည် ညာဘက်နားထင်နှင့် ညာဘက်မျက်စိထိမှန်ခြင်းဖြစ်၍ နေရာတွင်သေဆုံးခြင်းဖြစ်ကြောင်း ပစ်ခတ်သွားသူကို စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာလ တတိယအပတ်အတွင်းက ဒေသခံ PDF တပ်ဖွဲ့က သပြေကုန်း တိုက်နယ်ရဲစခန်းကို မီးပုလင်းဖြင့်ပစ်ပေါက်ရန် ကြံစည်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မသင်္ကာသူ ၂၀ ဦးခန့်ဖမ်းထားပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း မြို့ခံအချို့ကပြောသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူများကို သေနတ်ဖြင့် ပစ်ခံရမှုများရှိနေပြီး ယခု မြန်အောင်က ပစ်ခတ်မှုမှာ ၆ ကြိမ်မြောက်ဖြစ်ကာ ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရရှိသူ ၂ ဦးရှိပြီဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...