စစ်ကောင်စီရဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နည်းနေလို့ ငွေကြေးဖြင့် စည်းရုံးနေ

စစ်ကောင်စီရဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နည်းနေလို့ ငွေကြေးဖြင့် စည်းရုံးနေ

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်မယ့်သူ နည်းပါးနေတဲ့အတွက်ကြောင့် ငွေကြေးဖြင့် လိုက်လံစည်းရုံးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို အခုလ ပထမပတ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။

အခုအခါ စစ်ကောင်စီဖွင့်လှစ်မယ့် သင်တန်းတက်ရောက်မယ့် သူနည်းပါးနေလို့ စစ်တပ်ထောက်ခံသူ မိသားစုအသိုင်းအဝိုင်းထဲက လူငယ်တွေကို ငွေကြေးနဲ့ လိုက်လံစည်းရုံးနေတာ ဖြစ်ပါတယ်။

“စစ်တပ်က ဒီလထဲမှာဖွင့်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်တဲ့လူက မပြည့်ဘူးဖြစ်နေတယ်၊ ဒါကြောင့် စစ်တပ်ထောက်ခံသူမိသားစုတွေထဲက ယောကျာ်လေးလူငယ်တွေကို ငွေကြေးထောက်ပံ့မှုပေးပြီး စည်းရုံးနေကြတယ်။ တစ်လကို ၁၈၀,၀၀၀ ကျပ် ပေးမယ်လို့ ပြောတယ်” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သင်တန်းတက်ရောက်မယ်လို့ လက်မှတ်ထိုးပြီးရင် အဲဒီနေ့ကစပြီး လစာအပြည့်စတင် ခံစားခွင့်ပေးမယ့်အပြင် နေထိုင်စားသောက်ရေးနဲ့ အဝတ်အစားကအစ စီစဉ်ပေးမယ်လို့ စစ်ကောင်စီက စည်းရုံးလာတာ ဖြစ်ပါတယ်။

အဲဒီသင်တန်း တက်ရောက်သူအနေဖြင့် သင်တန်းပြီးဆုံးပါက စစ်ကောင်စီက စေခိုင်းမယ့် မြေပြင်လှုပ်ရှားမှုတွေကို စစ်အုပ်စုထောက်ခံသူတွေနဲ့အတူ ဆောင်ရွက်ပေးရမှာဖြစ်ပြီး စစ်ကောင်စီက ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကာလမတိုင်မီ ၁ လအလိုအထိ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...