စစ်ကောင်စီရဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နည်းနေလို့ ငွေကြေးဖြင့် စည်းရုံးနေ

စစ်ကောင်စီရဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နည်းနေလို့ ငွေကြေးဖြင့် စည်းရုံးနေ

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်မယ့်သူ နည်းပါးနေတဲ့အတွက်ကြောင့် ငွေကြေးဖြင့် လိုက်လံစည်းရုံးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို အခုလ ပထမပတ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။

အခုအခါ စစ်ကောင်စီဖွင့်လှစ်မယ့် သင်တန်းတက်ရောက်မယ့် သူနည်းပါးနေလို့ စစ်တပ်ထောက်ခံသူ မိသားစုအသိုင်းအဝိုင်းထဲက လူငယ်တွေကို ငွေကြေးနဲ့ လိုက်လံစည်းရုံးနေတာ ဖြစ်ပါတယ်။

“စစ်တပ်က ဒီလထဲမှာဖွင့်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်တဲ့လူက မပြည့်ဘူးဖြစ်နေတယ်၊ ဒါကြောင့် စစ်တပ်ထောက်ခံသူမိသားစုတွေထဲက ယောကျာ်လေးလူငယ်တွေကို ငွေကြေးထောက်ပံ့မှုပေးပြီး စည်းရုံးနေကြတယ်။ တစ်လကို ၁၈၀,၀၀၀ ကျပ် ပေးမယ်လို့ ပြောတယ်” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သင်တန်းတက်ရောက်မယ်လို့ လက်မှတ်ထိုးပြီးရင် အဲဒီနေ့ကစပြီး လစာအပြည့်စတင် ခံစားခွင့်ပေးမယ့်အပြင် နေထိုင်စားသောက်ရေးနဲ့ အဝတ်အစားကအစ စီစဉ်ပေးမယ်လို့ စစ်ကောင်စီက စည်းရုံးလာတာ ဖြစ်ပါတယ်။

အဲဒီသင်တန်း တက်ရောက်သူအနေဖြင့် သင်တန်းပြီးဆုံးပါက စစ်ကောင်စီက စေခိုင်းမယ့် မြေပြင်လှုပ်ရှားမှုတွေကို စစ်အုပ်စုထောက်ခံသူတွေနဲ့အတူ ဆောင်ရွက်ပေးရမှာဖြစ်ပြီး စစ်ကောင်စီက ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကာလမတိုင်မီ ၁ လအလိုအထိ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...