စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ထားဝယ်ကလူငယ် (၅) ရက်အကြာမှာ သေဆုံး

စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ထားဝယ်ကလူငယ် (၅) ရက်အကြာမှာ သေဆုံး

တနင်္သါရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်က အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးပြီး ၅ ရက်မြောက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

စင်တင်ဘာလ ၂၄ ရက်နေ့က ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ကိုရာဇာထွန်းနှင့်အတူ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ထားဝယ်ခရိုင်အတွင်းမှာ အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ရာမှာ ပါဝင်သူတစ်ဦးဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီလက်အောက် မြဝတီရုပ်မြင်သံကြားကနေ ဓာတ်ပုံနှင့်တကွ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ကိုရာဇာထွန်းကို ထားဝယ်စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကာ အကြမ်းဖက်စစ်ကောင်စီရဲ့ ညှင်းပမ်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"ဖမ်းဆီးခံရတဲ့နေ့က ဘယ်ကိုခေါ်သွားလဲ သူ့အိမ်က မသိသေးဘူး၊ နောက်နေ့နေ့လည်ပိုင်းလောက်မှ ထားဝယ်စစ်ကြောရေးစခန်းပို့ဆောင်ခံထားရတာသိတယ်၊ အဲနောက်ပိုင်း သူ့မိသားစုနဲ့ ၂ ရက်လောက် အဆက်အသွယ်ပျက်သွားတယ်၊ သူအထဲမှာ ညှင်းပမ်းနှိုပ်စက်ခံနေရတာ သတင်းကြားတယ်၊ သူမိသားစုက သူနဲ့တွေဖို့ ကြိုးစားနေတုန်းမှာပဲ၊ ၅ ရက်မြောက်နေ့မှာ သူသေဆုံးသွားပြီးလို့ သိလိုက်ရတယ်" လို့ ဆိုပါတယ်။

စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ကိုရာဇာထွန်းရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေက ပြန်မရခဲ့ဘူးလို့ သိရပါတယ်။

ကိုရာဇာထွန်းသည် ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒပြရာတွင် တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါအပြင် ကိုရာဇာထွန်းအဖမ်းခံရတဲ့ စက်တင်ဘာလတတိယပတ်ထဲမှာ ပြည်သူ ၂၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် အများစုကို ယနေ့အထိ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...