စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ထားဝယ်ကလူငယ် (၅) ရက်အကြာမှာ သေဆုံး

စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ထားဝယ်ကလူငယ် (၅) ရက်အကြာမှာ သေဆုံး

တနင်္သါရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်က အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးပြီး ၅ ရက်မြောက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

စင်တင်ဘာလ ၂၄ ရက်နေ့က ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ကိုရာဇာထွန်းနှင့်အတူ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ထားဝယ်ခရိုင်အတွင်းမှာ အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ရာမှာ ပါဝင်သူတစ်ဦးဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီလက်အောက် မြဝတီရုပ်မြင်သံကြားကနေ ဓာတ်ပုံနှင့်တကွ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ကိုရာဇာထွန်းကို ထားဝယ်စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကာ အကြမ်းဖက်စစ်ကောင်စီရဲ့ ညှင်းပမ်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"ဖမ်းဆီးခံရတဲ့နေ့က ဘယ်ကိုခေါ်သွားလဲ သူ့အိမ်က မသိသေးဘူး၊ နောက်နေ့နေ့လည်ပိုင်းလောက်မှ ထားဝယ်စစ်ကြောရေးစခန်းပို့ဆောင်ခံထားရတာသိတယ်၊ အဲနောက်ပိုင်း သူ့မိသားစုနဲ့ ၂ ရက်လောက် အဆက်အသွယ်ပျက်သွားတယ်၊ သူအထဲမှာ ညှင်းပမ်းနှိုပ်စက်ခံနေရတာ သတင်းကြားတယ်၊ သူမိသားစုက သူနဲ့တွေဖို့ ကြိုးစားနေတုန်းမှာပဲ၊ ၅ ရက်မြောက်နေ့မှာ သူသေဆုံးသွားပြီးလို့ သိလိုက်ရတယ်" လို့ ဆိုပါတယ်။

စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ကိုရာဇာထွန်းရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေက ပြန်မရခဲ့ဘူးလို့ သိရပါတယ်။

ကိုရာဇာထွန်းသည် ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒပြရာတွင် တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါအပြင် ကိုရာဇာထွန်းအဖမ်းခံရတဲ့ စက်တင်ဘာလတတိယပတ်ထဲမှာ ပြည်သူ ၂၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် အများစုကို ယနေ့အထိ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...