စစ်ကောင်စီ ဖိအားကြောင့် အိမ်ရှင်အိမ်ငှားများ အခက်တွေ့

စစ်ကောင်စီ ဖိအားကြောင့် အိမ်ရှင်အိမ်ငှားများ အခက်တွေ့

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးဖမ်းဆီးမှု များပြားလာသဖြင့် အိမ်ခန်းနှင့် အဆောင်ပိုင်ရှင်အချို့သည် အခန်းများ ဆက်လက်မငှားရမ်းတော့သည့်အတွက် အိမ်ငှားဖြင့် နေထိုင်သူများ အခက်အခဲများနှင့် ကြုံနေကြရသည်ဟု ငှားရမ်းနေထိုင်သူများက ပြောသည်။

ထားဝယ်မြို့အပါအဝင် မြို့ကြီးများတွင် စက်တင်ဘာလ ဒုတိယအပတ်မှစတင်၍ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်များ ဆက်တိုက်ဖမ်းဆီးခံနေရခြင်း၊ ဧည့်စာရင်းများ တိုင်ကြားနေရခြင်းတို့ကြောင့် အိမ်ပိုင်ရှင်များက စိတ်အနှောင့်အယှက်များ ဖြစ်လာကြကြောင်း အသက် ၅၀ အရွယ် အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။

အိမ်ပိုင်ရှင်များက ဧည့်စာရင်း တာဝန်ယူတိုင်ကြားပေးနေကြရပြီး ရပ်ကွက်အချို့တွင် ဧည့်စာရင်းတစ်ခါတိုင်လျှင် ငါးထောင်ကျပ်အထိ ပေးနေရသည့်အတွက် အခန်းဌားခများကိုလည်း ယခင်ကထက် စျေးပိုတောင်းနေရသည်ဟု အဆိုပါအိမ်ပိုင်ရှင်က ပြောသည်။

ယခင်က ထားဝယ်မြို့ပေါ်တွင် သုံးလေးယောက်စုပေါင်း၍ အခန်းတစ်ခန်းလျှင် ငါးသောင်းခွဲနှင့် ဌားနေရာမှ ယခု ခြောက်သောင်းခွဲအထိ မြင့်တက်လာနေပြီး အိမ်ရှင်အများစုက ဆက်လက်မငှါးပေးကြသဖြင့် အခက်အခဲဖြစ်ရသည်ဟု အဆောင်ဌားရမ်းနေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်ခန်းကို ကိုယ့်ဖာသာ ဧည့်စာရင်းတိုင်ပြီး နေမယ်ဆိုတာတောင်မှ အိမ်ရှင်တွေက အခန်းမငှားချင်တော့ဘူးတဲ့၊ အိမ်ခန်းတွေ ရှာမရတော့လို့ လုံးချင်းအိမ်တွေ ငှားပြန်တော့လည်း ဒီလိုပဲ မငှားကြပြန်ဘူး၊ ကျမတို့မှာ နေထိုင်ဖို့ အရမ်းအခက်အခဲဖြစ်နေတယ်“ ဟု အိမ်ငှားနေထိုင်သူ အဆိုပါအမျိုးသမီးက ပြောသည်။

 

လုံးချင်းအိမ်ဌားရမ်းသူ အိမ်ရှင်များကလည်း ဧည့်စာရင်းတိုင်ပေးရမည်ကို စိုးရိမ်ခြင်း၊ လူသစ်များကို အခန်းမငှားရဲခြင်းတို့ကြောင့် အိမ်ငှားဖြင့်နေထိုင်ကြသူများ အခက်တွေ့နေရသည်ဟု ဆိုသည်။

ထားဝယ်မြို့ပေါ်တွင် ယာယီနေထိုင်ကြသူများ၊ အလုပ်လုပ်ကိုင်ရန် နေထိုင်ကြသူများ၊ အခြားသော ကျေးရွာများမှ ပညာလာရောက်သင်ကြားကြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွေ့နေထိုင်နေကြသူ အများစုတို့သည် လုံးချင်းအိမ်များ၊ အဆောင်နှင့် အိမ်ခန်းများငှားပြီး နေထိုင်ခြင်းဖြစ်သည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...