စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်ကခနောက်စိမ်း စက်ရုံတွေ နေ့ရောညပါ လည်ပတ်နေ

စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်ကခနောက်စိမ်း စက်ရုံတွေ နေ့ရောညပါ လည်ပတ်နေ

စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံတွေ နေ့ရောညပါ လုပ်ငန်း လည်ပတ်နေတယ်လို့ စက်မှုဇုန်အနီးရှိ ရပ်ကွက်နေပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခနောက်စိမ်းစက်ရုံတွေ နေ့ရောညပါ လည်ပတ်လာလို့ စက်ရုံက ထွက်ရှိနေတဲ့ အနံ့ဆိုးတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“အရင်ကတော့ ခနောက်စိမ်းစက်ရုံတွေက တိုင်လိုက်ရင် နားလိုက်တယ်။ ပြီးရင်ပြန်လည်လိုက်နဲ့ပေါ့။ အခုနောက်ပိုင်းတော့ နေ့ရောညရောကိုလည်နေကြတာ။ လေကြောင်းတည့်နေရင် အနံ့ဆိုးတွေကြောင့် အသက်ရှုပါကြပ်တယ်” လို့ ဒေသခံ ပြည်သူတစ်ဦးက ‌ပြောပါတယ်။

မော်လမြိုင်စက်မှုဇုန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တွေ ရောက်လာလို့ ဒေသခံတွေက ခနောက်စိမ်းစက်ရုံလည်ပတ်မှုကြောင့် အနံ့ဆိုးထွက်ရှိမှုကို တင်ပြခဲ့ပေမယ့် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ဆိုကြပါတယ်။

မော်လမြိုင်စက်မှုဇုန်မှာတော့ စစ်တပ်အာဏာသိမ်းတာနဲ့ ကိုဗစ်တတိယလှိုင်းကြောင့် လုပ်ငန်းအများစု ရပ်ဆိုင်းထားပေမယ့် ခနောက်စိမ်းစက်ရုံတွေက နေ့ရောညပါ လုပ်ငန်း လည်ပတ်လာတာ ဖြစ်ပါတယ်။

“မော်လမြိုင်စက်မှုဇုန်က စက်ရုံတွေက အခုနောက်ပိုင်း စက်ရုံလည်ပတ်မှုတွေ ရပ်ဆိုင်းထားရတာ၊ ပိတ်သိမ်းထားရတာတွေရှိတယ်။ ဒါပေမယ့် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံတွေကတော့ နေ့ရောညပါ လည်ပတ်နေတယ်” လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုအခါ မော်လမြိုင်စက်မှုဇုန်မှာ ခနောက်စိမ်းသတ္တုသန့်စင် စက်ရုံ ၃ ရုံ လုပ်ငန်းလည်ပတ်နေတယ်လို့ စက်မှုဇုန်ဒေသခံတွေက ဆိုကြပါတယ်။

မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံတွေကို NLD အစိုးရလက်ထက်က အနံ့ဆိုးထွက်ရှိမှု ထိန်းချုပ်ဖို့နဲ့ ပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင့် လုပ်ဆောင်သွားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...